စင်ကာပူတွင် ကျွမ်းကျင်မှု၊ တီထွင်ဖန်တီးမှုနဲ့ ကုန်ထုတ်လုပ်မှုကောင်စီ ဖွဲ့ စည်း

Wed, 05/25/2016 - 05:53 -- admin_ygn

SkillsFuture Council  နဲ့ National Productivity Council (NPC) နဲ့ တို့က  တာဝန်ယူဆောင်ရွက်နေ တဲ့ လုပ်ငန်းတွေကိုဆက်လက်ဆောင် ရွက်နိုင်ဖို့အတွက်  သုံးပွင့်ဆိုင်အဖွဲ့ အစည်းတစ်ရပ်ဖြစ်တဲ့   ကျွမ်းကျင်မှု၊ တီထွင် ဖန်တီးမှုနဲ့    ကုန်ထုတ်လုပ်မှု ဆိုင်ရာကောင်စီ (Council for Skills, Innovation and Productivity- CSIP)  ကို စင်ကာပူနိုင်ငံမှာ မေ ၂၀ ရက်က ထူထောင်ခဲ့ကြောင်း   ချန်နယ်နယူးစ် အေးရှသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၆ ခုနှစ် ဘတ်ဂျက်မှာ ကြေ ညာထားတဲ့ စက်မှုလုပ်ငန်း  ပြုပြင်ပြောင်း လဲရေး   အစီအစဉ်ကို   ကောင်စီက အကောင်အထည်ဖော်ပေးမှာ   ဖြစ်ပြီး ဒုတိယဝန်ကြီးချုပ်နဲ့  စီးပွားရေးနဲ့ လူမှု ရေးမူဝါဒများ   ပေါင်းစပ်ညှိနှိုင်းရေး ဝန်ကြီး   သာမန်ရှန်မူဂါရက်တနန်က ကောင်စီရဲ့    ဥက္ကဋ္ဌအဖြစ်  တာဝန်ယူ ဆောင်ရွက်သွားမှာ     ဖြစ်ပါတယ်။ ကောင်စီအဖွဲ့ဝင်များအဖြစ်   အစိုးရ၊ စက်မှုလုပ်ငန်း၊   အလုပ်သမားသမဂ္ဂ များနဲ့  ပညာရေးနဲ့  လေ့ကျင့်ရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ ပါဝင် ပါတယ်။
မစ္စတာ ရှန်မူဂါရက်တနန်ကSkill Future Council နဲ့NPC ရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း    တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း  ပညာရေးဝန်ကြီးဌာန (MOE)  ကုန်သွယ်ရေးနဲ့  စက်မှုဝန်ကြီး ဌာန  (MTI)    လူအင်အားဝန်ကြီး ဌာန(MOM) နဲ့ စင်ကာပူလုပ်သားအင်အား ဖွံ့ဖြိုးရေးအေဂျင်စီ(Singapore Work force Development Agency -WDA)တို့ရဲ့   ပူးတွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။CSIP က ကျွမ်း ကျင်မှု၊  တီထွင် ဖန်တီးမှုနဲ့ ကုန် ထုတ်လုပ်မှုလုပ်ငန်း တိုးတက်ရေးကို အကောင်အထည်ဖော် ရာမှာ ဦးဆောင်သွားမယ့် အမြဲတမ်း အဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။

International Trade News

Pages