Department of Trade

အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍သိကောင်းစရာများသင်တန်း သတင်းအပြည့်အစုံ

Mon, 07/15/2024 - 07:51 -- DotTrading
Myanmar

အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍သိကောင်းစရာများသင်တန်း

သတင်းအပြည့်အစုံ

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား “အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သိကောင်းစရာများ သင်တန်း” ကို သိရှိနားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သိကောင်းစရာများ သင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၁၅) ရက် နေ့မှ (၁၆) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါ သင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြအဖြစ် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦး မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင် (MSMEs)များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 07/12/2024 - 08:15 -- ipICTdep
Myanmar

နေပြည်တော်၊   ဇူလိုင်လ ၁၁

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုကြီးကြပ် ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကို ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်မန္တလေးတိုင်းဒေကြီးအတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

   အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြား ရာ၌ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့်နည်းဥပဒေကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းရုံနှင့်မပြီးဘဲ အများပြည်သူများအနေဖြင့် လိုက်နာကျင့်သုံးရန်လိုအပ်သည့်အပြင် မူပိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများ၏ သတ်မှတ်ချက်များ၊ အကျိုးကျေးဇူးများနှင့် အခွင့်အရေးများကိုလည်း သိရှိထားရန်လိုအပ်ပါကြောင်း၊ နေ့စဉ်ထိတွေ့နေရသည့် မီးဖိုချောင်သုံးပစ္စည်းမှသည် မော်တော်ကား၊ ဆိုင်ကယ်၊ ဖုန်း အစရှိသည့် ဇိမ်ခံပစ္စည်းများအားလုံးသည် ဒီဇိုင်းကိုယ်စီရှိကြရာ အဆိုပါ ဒီဇိုင်းများအား မူပိုင်ခွင့်အကာအကွယ်ရယူထားမည်ဆိုလျှင်  ရရှိနိုင်မည့်အခွင့်အရေးများနှင့် အကျိုးအမြတ် များကို ယနေ့ဆွေးနွေးပွဲတွင် အသိပညာပေးဆွေးနွေးပြောကြားသွားမည် ဖြစ်ပါကြောင်း၊ ဒီဇိုင်းဖန်တီးသူများ အနေဖြင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေပါ ဖော်ပြချက်များကို သိရှိထားမည်ဆိုလျှင် ကိုယ်တိုင်ဖန်တီး ပြုလုပ်ထားသည့်အရာများ သို့မဟုတ် ဈေးကွက်တွင် ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် ထုတ်ကုန်ပစ္စည်းများကို အခြားသူများက ပုံတူကူးချခြင်း၊ အတုပြုလုပ်ခြင်း၊ ရောင်းချခြင်းများကို စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် အကာအကွယ်ရယူ၍ တားဆီးနိုင်မည့်အပြင် ချိုးဖောက်သူများအား ဥပဒေအရ အရေးယူနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းက စက်မှုဒီဇိုင်းမူပိုင်ခွင့် ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

Latest News: 

ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်း သင်တန်းဖွင့်လှစ်သည့် သတင်းအပြည့်အစုံ

Fri, 07/12/2024 - 00:00 -- DotTrading
Myanmar

ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်း သင်တန်းဖွင့်လှစ်သည့်

သတင်းအပြည့်အစုံ

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား ငွေစာရင်းကိစ္စများနှင့်ပတ်သက်၍  ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်း ခြင်းအကြောင်း သိရှိနားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်းသင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၁၁) ရက် နေ့မှ (၁၂) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင် ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါ သင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ငွေစာရင်းဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်း မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Thu, 07/11/2024 - 00:00 -- DotTrading
Myanmar

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၁၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာ က “ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဖြစ်ထွန်းလာသည့် စီးပွားရေးကဏ္ဍများ ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါ သည်။

၃။         ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာနှင့် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် တို့က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

၄။    ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က ဆွေးနွေး ပြောကြားခဲ့သော မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာ အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီး        မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

၅။         အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊  ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး များနှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ သင်တန်းဖွင့်လှစ်သည့် သတင်း(အပြည့်အစုံ)

Tue, 07/09/2024 - 08:47 -- DotTrading
Myanmar

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ သင်တန်းဖွင့်လှစ်သည့်

သတင်း(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများ ကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသော အရာထမ်း၊ အမှုထမ်းများအတွက် ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုနည်းဥပဒေများကို သိရှိ နားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။       “ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အကြောင်းသိကောင်းစရာသင်တန်း”ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၉) ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။        အဆိုပါ သင်တန်းကို စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြအဖြစ် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော်မှ သင်ခန်းစာများပို့ချ ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ ပါသည်။

Latest News: 

နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISCs) များမှ တာဝန်ရှိသူများအတွက် တီထွင်မှုမူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

Fri, 07/05/2024 - 05:03 -- ipICTdep
Myanmar

နေပြည်တော်၊   ဇူလိုင်လ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုအထောက်အကူပြုစင်တာ(TISCs)များမှ တာဝန်ရှိသူများအတွက် တီထွင်မှု မူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၌ ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ် က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်းကို မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိတက္ကသိုလ်၊ သုတေသန ဌာနများမှ တာဝန်ရှိသူများ စုစုပေါင်း (၅၇)ဦးခန့် တက်ရောက်ခဲ့ကြသည်။

   အဆိုပါ အသိပညာပြန့်ပွားရေးသင်တန်းတွင် ညွှန်ကြားရေးမှူးချုပ်က တီထွင်မှုမူပိုင်ခွင့် ဥပဒေကို ၂၀၂၄ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် အာဏာတည်ခဲ့ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေတွင် တီထွင်မှုနှင့် အသေးစားတီထွင်မှုများကို အကာအကွယ်ပေးမည့် လျှောက်ထားချက်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စတင်လက်ခံနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့် လျှောက်ထားချက်များကို တီထွင်သူ၊ လျှောက်ထားသူများအနေဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်သည့်အပြင် ကိုယ်စားလှယ်များ၊ တီထွင်မှုမူပိုင်ခွင့် အကျိုးဆောင်ကိုယ်စားလှယ်များမှတစ်ဆင့် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ တီထွင်မူပိုင်ခွင့်စနစ်သည် တီထွင်ဖန်တီးနိုင်မှုများကို အားပေးခြင်းဖြင့် ဆန်းသစ်တီထွင်မှုများ တိုးတက်မှုသာမက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအတွက် ထောက်ပံ့ပေးနိုင်သည့်စနစ် ဖြစ်ပါကြောင်း၊ တီထွင်မှုမူပိုင်ခွင့်စနစ်ကို ကျင့်သုံး ဆောင်ရွက်ခြင်းဖြင့် တီထွင်မှုများကို အကာအကွယ်ပေးနိုင်ခြင်း၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများ များပြားလာနိုင်ခြင်း၊ ပြည်သူများ၏ အကျိုးစီးပွားများ မြင့်မားတိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိလာနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

   ထို့နောက် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာပွင့်ဖြိုးဝင်းက တီထွင်မှုမူပိုင်ခွင့် လျှောက်ထားခြင်းဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ အဆိုပါ အသိပညာပြန့်ပွားရေးသင်တန်းကို တစ်ပတ်လျှင် (၁)ရက်ဖြင့် (၈)ပတ်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Latest News: 

Wednesday Talk ဆွေးနွေးပွဲ သတင်း (အပြည့်အစုံ)

Fri, 06/28/2024 - 05:35 -- DotTrading
Myanmar

Wednesday Talk ဆွေးနွေးပွဲ

သတင်း (အပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ Wednesday Talk ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်၊ နံနက် (၁၀:၀၀) နာရီမှ (၁၁:၄၅) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         Wednesday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ​ဒေါ်ဇာနည်တင်က “Implementation of Article 66.2 of the WTO TRIPS Agreement” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြ ခဲ့ပါသည်။

၃။  ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညီညီအောင်နှင့် နှစ်နိုင်ငံကုန်သွယ်မှု ဆက်ဆံရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်တို့  က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ကဆွေးနွေးပြောကြား ခဲ့သော ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇာနည်တင်အား ဂုဏ်ပြုလက်ဆောင်ကို ပေးအပ်ချီးမြှင့်ခဲ့ ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ပါသည်။

၄။      အဆိုပါ Wednesday Talk ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၄၅) ဦးတို့ တက်ရောက်ခဲ့ပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန ကွန်ပျူတာအသုံးပြုမှုသင်တန်း ဖွင့်လှစ်ခဲ့သည့် သတင်း(အပြည့်အစုံ)

Fri, 06/28/2024 - 05:23 -- DotTrading
Myanmar

ကုန်သွယ်ရေးဦးစီးဌာန

ကွန်ပျူတာအသုံးပြုမှုသင်တန်း ဖွင့်လှစ်ခဲ့သည့်

သတင်း(အပြည့်အစုံ)

၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။ အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအတွက် ကွန်ပျူတာအသုံးပြုမှု သိရှိနားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “ကွန်ပျုတာအသုံးပြုမှုသင်တန်း”ကို ၂၀၂၄ ခုနှစ်၊  ဇွန်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၅) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ Multimedia သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။      အဆိုပါ သင်တန်းကို စည်းကမ်းချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး၊ သင်တန်း နည်းပြအဖြစ် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခိုင်ငြိမ်းသူ နှင့် ဦးစီးမှူး ဒေါ်ဖြိုးစုငြိမ်း တို့မှ သင်ခန်းစာများပို့ချပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၅) ဦးတို့ တက်ရောက်လျက်ရှိပါသည်။

 

 

 

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးခဲ့မှု

Thu, 06/27/2024 - 07:07 -- Dotbilateral
Undefined

   ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်၊ ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည့် “Myanmar Update 2024, Update in Law: Navigating the Latest Changes in Myanmar”တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦး ဦးဆောင်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာတာဝန်ခံများဖြစ်သော ညွှန်ကြားရေးမှူး- ဦးအောင်မင်းသိုက်၊ ညွှန်ကြားရေးမှူး- ဒေါ်ချိုသက်မူ တို့ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လာရောက်လုပ်ကိုင်လျက်ရှိသည့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက စုစည်းကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံး အကြီးအကဲနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီလုပ်ငန်းရှင်ကြီးများ စုစုပေါင်း (၈၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     တွေ့ဆုံဆွေးနွေးပွဲ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး ထိုင်းစီးပွားရေး ကုန်သည်လုပ်ငန်းရှင်များက သိရှိမေးမြန်းလိုသည်အချက်များနှင့် အခြားသိရှိလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် “Indonesia Expo 2024” အခမ်းအနားသို့ တက်ရောက်ဆွေးနွေးခဲ့မှု

Thu, 06/27/2024 - 06:52 -- Dotbilateral
Undefined

     ၂၀၂၄ ခုနှစ်၊ ဇွန်လ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည့် “Indonesia Expo 2024” အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ ဦးဆောင်၍ ကုန်သွယ်ရေးဦးစီးဌာနမှ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများဖြစ်သော ညွှန်ကြားရေးမှူး- ဦးအောင်မင်းသိုက်၊ ညွှန်ကြားရေးမှူး- ဒေါ်ချိုသက်မူ တို့ တက်ရောက်ခဲ့ပါသည်။

     အဆိုပါ ကုန်စည်ပြပွဲအခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အင်ဒိုနီးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ရှိ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီလုပ်ငန်းရှင်ကြီးများ စုစုပေါင်း (၈၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

     ကုန်စည်ပြပွဲအခမ်းအနား၌ ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး အင်ဒိုနီးရှားစီးပွားရေး ကုန်သည်လုပ်ငန်းရှင်များက သိရှိမေးမြန်းလိုသည့်အချက်များနှင့် အခြားသိရှိလိုသည့်အချက်များကို ရင်းနှီးပွင့်လင်းစွာဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

Latest News: 

Pages

Subscribe to RSS - Department of Trade