ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်း သင်တန်းဖွင့်လှစ်သည့် သတင်းအပြည့်အစုံ

Fri, 07/12/2024 - 00:00 -- DotTrading

ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်း သင်တန်းဖွင့်လှစ်သည့်

သတင်းအပြည့်အစုံ

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား ငွေစာရင်းကိစ္စများနှင့်ပတ်သက်၍  ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်း ခြင်းအကြောင်း သိရှိနားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “ရငွေများလက်ခံခြင်းနှင့်စာရင်းရေးသွင်းခြင်းသင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၁၁) ရက် နေ့မှ (၁၂) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင် ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါ သင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်း နည်းပြအဖြစ် ငွေစာရင်းဌာနခွဲ မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်း မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။