စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ Reception သင်တန်းကျင်းပ

နေပြည်တော်၊ စက်တင်ဘာလ ၆
   စာပေနှင့်အနုပညာမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ Reception သင်တန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့နံနက် ၁၀ နာရီအချိန်၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) တွင် ကျင်းပခဲ့သည်။

“(၇၃)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး” သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်

နေပြည်တော်၊ စက်တင်ဘာလ ၂
    ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆီရီဘီဂါဝန်မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် “(၇၃)ကြိမ်မြောက် အာဆီယံမူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး (73rd ASEAN Working Group on Intellectual Property Cooperation -AWGIPC) သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်လျက်ရှိပါသည်။

ဒေသဆိုင်ရာအညွှန်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့

နေပြည်တော်၊ ဩဂုတ် ၅
    ဒေသဆိုင်ရာအညွှန်းသိကောင်းစရာများနှင့်စပ်လျဉ်း၍ စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

မျက်မှောက်ခေတ် နှစ်နိုင်ငံကုန်သွယ်ဆက်ဆံမှုဆိုင်ရာ အသိပညာပေးသင်တန်း (သတင်းအပြည့်အစုံ) ၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်