WTO ၏သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းသဘောတူညီချက်အား နားလည်သဘောပေါက်မှုဆိုင်ရာ သင်တန်း (သတင်းအပြည့်အစုံ)
WTO ၏သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းသဘောတူညီချက်အား နားလည်သဘောပေါက်မှုဆိုင်ရာ သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ WTO ၏သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်းသဘောတူညီချက်နှင့်ပတ်သက်၍ သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ နေ့လယ် (၁၃:၃၀) နာရီ မှ (၁၅:၃၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန ၊ ဧရာဝတီခန်းမ၌ သင်ကြားပို့ချခဲ့ပါသည်။
၃။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊အမှုထမ်းစုစုပေါင်း(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် WTOနှင့်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင်က ဆွေးနွေးပို့ချခဲ့ပါသည်။