ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ သင်တန်းဖွင့်လှစ်သည့် သတင်း(အပြည့်အစုံ)

Tue, 07/09/2024 - 08:47 -- DotTrading

ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအကြောင်းသိကောင်းစရာ သင်တန်းဖွင့်လှစ်သည့်

သတင်း(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများ ကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင် နေသော အရာထမ်း၊ အမှုထမ်းများအတွက် ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုနည်းဥပဒေများကို သိရှိ နားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။       “ယှဉ်ပြိုင်မှုဆိုင်ရာတိုင်ကြားခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ အကြောင်းသိကောင်းစရာသင်တန်း”ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၉) ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။        အဆိုပါ သင်တန်းကို စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြအဖြစ် ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေရည်ကျော်မှ သင်ခန်းစာများပို့ချ ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ ပါသည်။