အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍သိကောင်းစရာများသင်တန်း သတင်းအပြည့်အစုံ

Mon, 07/15/2024 - 07:51 -- DotTrading

အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍သိကောင်းစရာများသင်တန်း

သတင်းအပြည့်အစုံ

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ အနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း၊ အမှုထမ်းများအား “အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ သိကောင်းစရာများ သင်တန်း” ကို သိရှိနားလည်စေရန် ရည်ရွယ်၍    ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         “အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သိကောင်းစရာများ သင်တန်း” ကို ၂၀၂၄ ခုနှစ်၊  ဇူလိုင်လ (၁၅) ရက် နေ့မှ (၁၆) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်။

၄။         အဆိုပါ သင်တန်းကို သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြအဖြစ် ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦး မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။