၂၀၁၅ - ၂၀၁၆ သီးနှံရာသီအတွင်း အိန္ဒိယနိုင်ငံ၏ ကြက်သွန်နီအထွက်နှုန်း တန်ချိန် သန်း ၂၀ ကျော်အထိ မြင့်တက်မည်ဟု ခန့်မှန်း

Tue, 05/03/2016 - 04:23 -- admin_ygn

ရာသီဥတုသင့်တင်မျှတမှုနှင့် ဈေးနှုန်းကောင်းမွန်ခြင်းတို့ကြောင့် စိုက်ဧက မြင့်တက်လာရာ အိန္ဒိယနိုင်ငံ ၏ ကြက်သွန်နီအထွက်နှုန်းသည် ၂၀၁၅ -၂၀၁၆ နှစ်၊ သီးနှံရာသီကာလ ဖြစ်သည့် (ဇူလိုင်လမှဇွန်လ) အတွင်းစံချိန်သစ်ဖြစ် သည့် တန်ချိန် ၂၀၃ သိန်း အထိ မြင့်တက်လိမ့်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်၊ သီးနှံ ရာသီကာလအတွင်း မိုးနည်းပါးသဖြင့် အထွက်နှုန်းကျဆင်းခဲ့ရာ တန်ချိန် ၁၈ ဒသမ ၉၂ သန်းရှိခဲ့ပြီး၊ ၂၀၁၃-၁၄ တွင် ၁၉ ဒသမ ၄သန်းရှိခဲ့ကြောင်း၊ နွေရာသီ ကာလအတွင်း ကြက်သွန်ဈေးနှုန်း ကောင်းမွန်မှုသည် တောင်သူ လယ်သမားများအား ဆောင်းရာသီတွင် ကြက်သွန်နီဧက ပိုမိုစိုက်ပျိုးရန် တွန်း အားဖြစ်စေခဲ့သည်ဟု အမျိုးသား ဥယျာဉ်ခြံစိုက် ပျိုးရေး သုတေသန နှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(NHRDF) ညွှန်ကြားရေးမှူး RP Gupta PTI က ပြောကြားခဲ့ကြောင်း သိရပါ သည်။
ယခုနှစ်တွင် ဟက်တာ ဧက ၁၂ သိန်း၌ ကြက်သွန်နီစိုက်ပျိုးခဲ့ရာ ယခင် နှစ်က စိုက်ပျိုးခဲ့သည့် ဟက်တာဧက ၁၁ ဒသမ ၇၃ သိန်းထက် အနည်းငယ် ပိုခဲ့ကြောင်း၊ ဆောင်းရာသီစိုက်ကြက် သွန်နီများအနေဖြင့် လက်ရှိအချိန်အထိ အခြေအနေကောင်းမွန်ကြောင်း၊ အထွက်နှုန်းမှာ ပြီးခဲ့သည့်နှစ်ထက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ မြင့်တက် နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ ယခု အခါ မဟာရသျှတ္တရာနှင့်ဂူဂျာရတ်၊ မဒ္ဒရာ ပြည်နယ်တို့တွင်  ဆောင်း ကြက်သွန်နီ များ စတင်နုတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ မိုးရာသီတွင် အသုံးပြုရန် အတွက် ဆောင်းကြက်သွန်နီများကိုသာ သိုလှောင်လေ့ရှိကြပြီး လယ်သမားများ နှင့်ကုန်သည်များသည် ကြက်သွန်နီ သိုလှောင်မှု စတင်နေကြ ပြီဖြစ်ကြောင်း၊ ဈေးကွက်တွင် ကြက်သွန်နီအရည် အသွေးကောင်းမွန်ခြင်းကြောင့် လက်ရှိ နှစ်အတွက် ကြက်သွန်နီတန်ချိန် ၄၅ သိန်းဝန်းကျင် သိုလှောင်လိမ့်မည်ဟု ခန့်မှန်းထားကြောင်း၊ မဟာရသျှတ္တရာ ပြည်နယ် ရှိ တောင်သူ လယ်သမားများ အနေဖြင့် ပျမ်းမျှလက်ကားဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ရှစ်ရူပီးရရှိနေကြ ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် အပေါ် အနည်းဆုံး ၂၀ ရာခိုင်နှုန်း အမြတ်အစွန်းရရှိနေသည်ဟုGupta ကပြောကြားထားကြောင်း သိရပါ သည်။
အိန္ဒိယနိုင်ငံ၏ နှစ်စဉ်ထွက်ရှိ သည့် ကြက်သွန်နီအထွက်နှုန်း၏ ၆၀ ရာခိုင်နှုန်းနီးပါးသည် ဆောင်း ကြက်သွန်နီများဖြစ်ကြပြီး၊ နွေရာသီနှင့် နွေရာသီနှောင်းပိုင်းတွင် စိုက်ပျိုးသည့် ကြက်သွန်နီများမှာ ၂၀ ရာခိုင်နှုန်းစီဖြစ် ကြောင်း ၊ ဆောင်းကြက်သွန်နီများကို အိန္ဒိယနိုင်ငံပြည်နယ်အားလုံးနီးပါး တွင် စိုက်ပျိုးကြပြီး၊ အဓိကစိုက်ပျိုးသည့် ပြည်နယ်များမှာ မဟာသျှတ္တရာ၊ ဂူဂျာရတ်၊ မဒ္ဒရာပရာဒေ့ရှ်၊ အနောက် ဘင်္ဂလား၊ ဘီဟာဂျာဂျတ်စသန်း၊ သြရီဿနှင့်ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ် တို့ဖြစ်ကြောင်း သိရသည်။

International Trade News

Pages