၂၀၁၅ ခုနှစ်က မလေးရှားဘဏ်လုပ်ငန်းကဏ္ဍအတွက် အလှည့်အပြောင်းဖြစ်

Thu, 12/11/2014 - 14:38 -- admin_ygn

   မလေးရှားဘဏ်လုပ်ငန်းကဏ္ဍ အတွက် ၂၀၁၅ ခုနှစ်က ''အလှည့်အပြောင်း''တစ်ခုဖြစ်နိုင်တယ်လို့ Deloitte ရဲ့ဘဏ်လုပ်ငန်းကဏ္ဍအလားအလာအစီရင်ခံစာမှာ ဖော်ပြ ထားကြောင်း သည်စတားအွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ ''ဘဏ်လုပ်ငန်းကဏ္ဍရဲ့ အနာဂတ်ကိုခန့်မှန်းတဲ့အခါ လတ်တလောကြုံတွေ့ရတဲ့ အခက်အခဲတွေကိုသာ စိုးရိမ်မှုရှိတတ်တာသဘာဝပါ။ ဒါပေမယ့်အကျပ်အတည်းလွန်ကာလအတွေ့အကြုံအရ ကျွန်တော်တို့အမြင်ကိုေ၀ဝါးသွားစေခဲ့ပါတယ်''လို့ 2015 Banking Outlook: Boosting Profitability Amidst New Challenges ဆိုတဲ့အစီရင်ခံစာမှာ Deloitte ကဖော်ပြထားပါတယ်။
  အကျပ်အတည်းလွန်ကာလအပြီးမှာ ၂၀၁၅ ခုနှစ်အတွက် ဘဏ်လုပ်ငန်းကဏ္ဍကိုပုံဖော်တဲ့အခါ ဘဏ်လုပ်ငန်းကဏ္ဍရဲ့အကျိုးစီးပွားကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ရေတို သာ ကြည့်တတ်တာကို စွန့်လွှတ်ဖို့အာရုံစိုက်လာကြောင်း Deloitte ကပြောပါတယ်။
   စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဘဏ်တွေက ရေတိုကြည့်ပြီးရေစုန်မျှောလိုက်မနေတော့ဘဲ သူတို့ရည်မှန်းချက်ထားတဲ့အစိတ်အပိုင်းတွေ၊ ထုတ်ကုန်တွေနဲ့  ဈေးနှုန်းတွေ ကို ရွေးချယ်ရာမှာ လက်တွေ့ကျကျဆောင်ရွက်လာရပါတယ်။ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်ဖို့ဆိုရင် ငွေစာရင်းရှင်းတမ်းတွေ တိုးတက်ကောင်းမွန်ဖို့လိုအပ်မှာဖြစ်ကြောင်း လည်ပြောပါတယ်။
   ငွေဖြစ်လွယ်မှုအချိုးနဲ့ ၂၀၁၄ ခုနှစ်မှာ အပြီးသတ်ဆောင်ရွက်မယ့် လုပ်ငန်းမြှင့်တင်မှုချေးငွေအချိုးစတဲ့ ကြီးကြပ်ရေးဆိုင်ရာ လိုအပ်ချက်အသစ်တွေကိုဆောင်ရွက်ပြီး အထူး သဖြင့် ဘဏ်ကြီးတွေက သူတို့ရဲ့ ငွေစာရင်း ရှင်းတမ်းတွေမှာ အတိုးနှုန်းနည်းတဲ့ အက်ဆက်တွေကိုထိန်းသိမ်းပြီး ပြုပြင်ပြောင်းလဲမှုတွေပြု လုပ်ဖို့လိုမယ်လို့ဆိုပါတယ်။   

ဉာဏ်တင်

International Trade News

Pages