အိန္ဒိယနိုင်ငံ ရာဂျတ်စသန်ပြည်နယ်တွင် အအေးလှိုင်းဖြတ်သန်းမုတ်သုံမိုးနည်းပါးမှုကြောင့် မိုးသီးနှံအထွက်နှုန်းကျဆင်း

Wed, 12/10/2014 - 15:01 -- admin_ygn

    အိန္ဒိယနိုင်ငံ၊ရာဂျတ်စသန်ပြည်နယ်တွင် အအေးလှိုင်းဖြတ်သန်းခဲ့မှုကြောင့် အဆိုပါပြည်နယ်တွင်ရှိသည့် ပြည်သူများမှာ အအေးဒဏ်ကိုခံစားခဲ့ရသည်ဟုဆိုသည်။
   အဆိုပါပြည်နယ်တွင်  ညအပူချိန်သည် ၇ ဒီဂရီ ဆဲလ်ဆီးယပ်စ်သာရှိသဖြင့် ပြည်သူများမှာ အအေးဒဏ်ကိုဆိုးရွားစွာခံစားခဲ့ကြရကြောင်း NDTV သတင်းတွင် ဖော်ပြထား သည်။
   ကက်စပီယန်ပင်လယ် သို့မဟုတ် မြေထဲပင်လယ် မှတိုက်ခတ်လာသည့် ရေခိုးရေငွေ့များသည် ရာဂျတ်စသန်ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသများသို့ တိုက်ခတ်သွား သည့်အတွက် ရာဂျတ်စသန်ပြည်နယ်၏ အရှေ့ပိုင်းဒေသများသည် အအေးဒဏ်ကို ခံစားခဲ့ရခြင်းဖြစ်သည်ဟု ပြည်နယ်မိုးလေဝသဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဗီရှန်နွန်က တီပီအိုင်သတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။
   အဆိုပါအအေးဒဏ်သည် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀ရက်အထိကျရောက်နိုင်ပြီး ဂျမူးနှင့်ကက်ရှ်မီးယားဒေသများသို့လည်း ရိုက်ခတ်လာနိုင်သည်ဟု ၎င်းကပြောကြားခဲ့သည်။
   ထို့ပြင် အဆိုပါဂျမူးနှင့်ကက်ရှ်မီးယားဒေသတွင် ဆီးနှင်းများလည်း ကျရောက်နိုင်ကြောင်းဖြင့် ၎င်းကထပ်မံပြောကြားခဲ့သည်။
  အအေးလှိုင်းဖြတ်သန်းမှုသည် အနည်းဆုံး ၁၀ ရက်မှ ၁၅ ရက်အတွင်း ကျရောက်နိုင်ကြောင်း ၎င်းကပြောကြားသည်။ ထို့ပြင် ရာဂျတ်စသန်ပြည်နယ်တွင် မုတ်သုံရာသီ ကာလက မုတ်သုံမိုးရရှိမှုနည်းပါးခဲ့သဖြင့်သီးနှံအထွက်နှုန်းများကျဆင်းမည်ဟုခန့်မှန်းထားကြောင်း ပြည်နယ်လယ်ယာစိုက်ပျိုးရေးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။
   ပြီးခဲ့သည့်  မိုးရာသီကာလအတွင်းနှင့် မိုးရာသီကာလမတိုင်မီက စိုက်ပျိုးမှု ရည်မှန်းချက်ပြည့်မီခဲ့သော်လည်း မိုးကာလအလွန်တွင် မိုးရေချိန်ရရှိမှုနည်းပါးခဲ့သဖြင့် အထွက်နှုန်း များထိခိုက်မှုရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဉာဏ်တင်

 

International Trade News

Pages