အိန္ဒိယနိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ်သူများအတွက် လိမ်လည်ခံရမှုမှ အကာအကွယ်ပေးနိုင်ရန် စားသုံးသူအကာအကွယ်ပေးရေးဥပဒေအား ပြင်ဆင်

Fri, 01/09/2015 - 13:53 -- admin_ygn

   အိန္ဒိယနိုင်ငံအစိုးရသည် e-Commerce လုပ်ငန်း၌ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသည့် စားသုံးသူများအား အွန်လိုင်းလိမ်လည်မှုများမှ အကာအကွယ်ပေးအပ်နိုင်ရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေအား ပြန်လည် ပြင်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက်လာသည့်အလျောက် အစိုးရသည် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ၁၉၈၆ တွင် e-Commerce ကဏ္ဍအတွက် သင့်လျော်သည့် ပြဋ္ဌာန်းချက်များထည့်သွင်းပြင်ဆင်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး Jayant Sinha မှ ပြောကြားခဲ့ပါသည်။
   အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း e-Commerce  ကုမ္ပဏီများမှ တိုင်တန်းမှု ကိုးခုအား လက်ခံရရှိခဲ့ပြီး  အစိုးရမှလည်း အရေးယူဆောင်ရွက်ခဲ့ပါသည်။  အိန္ဒိယနိုင်ငံတွင် e-Commerce လုပ်ငန်းလိမ်လည်မှုများနှင့် သက်ဆိုင်သည့် လိုအပ်သည့် သတင်းအချက်အလက်များရရှိစေရန် Directorate of Enforcement မှ စုံစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းလည်းသိရှိရပါသည်။

မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ

International Trade News

Pages