အာဆီယံဈေးကွက်ကို အာရုံစိုက်ဆောင်ရွက်ရန် အင်ဒိုနီးရှား ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကို စက်မှုဝန်ကြီးဌာနက တိုက်တွန်း

Thu, 02/11/2016 - 04:35 -- admin_ygn

လူဦးရေသန်း ၆၅၀ ရှိတဲ့ အာဆီယံဈေးကွက်မှာ ရောင်းအားမြှင့်တင်နိုင်မယ့် အခွင့်အလမ်းများကို ရှာဖွေကြဖို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအားအင်ဒိုနီးရှားစက်မှုဝန်ကြီးဌာနကတိုက်တွန်းထားကြောင်းအန်တာရာနယူးစ်သ တင်းမှာ ဖော်ပြပါတယ်။''လူဦးရေ  သန်း ၆၅၀ ရှိတဲ့ အာဆီယံဈေးကွက်ကလက်ရှိတိုးတက် နေတဲ့  ကျွန်တော်တို့ရဲ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းအတွက် အခွင့်အလမ်း ကိုဖန်တီးပေးလျက်ရှိပါတယ်''လို့ အင်ဒိုနီးရှားစက်မှုလုပ် ငန်း ဝန်ကြီးဌာန ဓာတုဗေဒလုပ်ငန်းညွှန်ကြားရေး မှူးချုပ်ဟာ ဂျန်တိုကအန်တာရာသတင်းဌာနကို ဖေဖော်ဝါရီ ၂ ရက်က ပြောပါတယ်။ဒါကြောင့်  အင်ဒိုနီးရှားနိုင်ငံရဲ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေဆောင် ရွက်ဖို့ အတွက် အစိုးရကမူဝါဒများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ဆေးဝါးလုပ်ငန်း အတွက် ရှေ့လုပ်ငန်းစဉ်တွေကိုချမှတ် ရာမှာ ဆေးဝါးလုပ်ငန်းနယ်ပယ်တွေ မှာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကြီးကြပ်မှုတွေလျှော့ချတဲ့ မူဝါဒ ကို ရေးဆွဲဖို့အစိုးရက ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ချမှတ်ထားတဲ့မူဝါဒထဲမှာ အင်ဒိုနီးရှားနိုင်ငံမှာရင်းနှီးမြှုပ်နှံမယ့် သူတွေအတွက်အခွန်သက်သာခွင့်တွေ အပါအဝင်ဘဏ္ဍာရေးဆွဲဆောင်မှုတွေ ပေးဖို့ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဆေးဝါးထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုအတွက်ခွင့်ပြုမိန့်ထုတ်ပေးရာမှာလည်း မူဝါဒကိုလျှော့ချပေးဖို့ အရေးကြီးကြောင်း ဟာဂျန်တိုက ပြောပါတယ်။ယခုလောလောဆယ်မှာ အိန္ဒိယ နိုင်ငံမှ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း ပေါင်း ၁၇၀ က လုပ်ငန်းများဆောင် ရွက်လျက်ရှိပြီး အများစုမှာဆေးဝါးများ ဖြန့်ဖြူးဖို့အသင့်ရှိ နေကြပြီ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရှိ ဓာတုဗေဒ၊ ဆေးဝါး နဲ့ ရိုးရာဆေးဝါးထုတ်လုပ်မှုလုပ်ငန်းက နိုင်ငံရဲ့စက်မှုလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် အဓိကမောင်းနှင်အားဖြစ်လာပြီး ၂၀၁၅ ခုနှစ် တတိယသုံးလပတ်မှာ နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုက ၁၀ ဒသမ ၂၁ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပါတယ်။ ယခုတိုးတက်မှုနှုန်းက ၂၀၁၄ ခုနှစ်က ရှိခဲ့တဲ့ ၁ ဒသမ ၁၂ ရာ ခိုင်နှုန်းနဲ့   နှိုင်းယှဉ်ရင်တဟုန်ထိုးမြင့်တက်လာတာကို တွေ့ရပါတယ်။

မယ်သီတာ

International Trade News

Pages