အမေရိကန်နိုင်ငံတွင် အောက်တိုဘာ တစ်ဦးချင်းဝင်ငွေမြင့်တက်၍သုံးစွဲမှုလည်းတိုးတက်

Mon, 12/15/2014 - 12:50 -- admin_ygn

   အမေရိကန်နိုင်ငံတွင် စတုတ္ထသုံးလအစဖြစ်သည့် အောက်တိုဘာလတွင် စီးပွားရေး တိုးတက်လာသည့် အခြေအနေကြောင့် စားသုံးသူများ၏သုံးစွဲမှုသည် သုည ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အမေရိကန်နိုင်ငံ စီးပွားရေးလုပ်ဆောင်မှုများတွင် သုံးပုံနှစ်ပုံပါဝင်သည့် စားသုံးသူသုံးစွဲမှုသည် စက်တင်ဘာလတွင် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ အောက်တိုဘာလတွင်တိုးတက်ခဲ့ခြင်းဖြစ်သည်။
   စက်သုံးဆီဈေးနှုန်းများ အလွန်အမင်းကျဆင်းခြင်းနှင့် အလုပ်အကိုင်ခန့်အပ်နိုင်မှု အခြေအနေများတိုးတက်လာခြင်းတို့ကြောင့် စားသုံးသူများ၏ သုံးစွဲမှုသည် အနည်းငယ်မြင့် တက်လာခြင်းသည် တရုတ်နိုင်ငံနှင့် ယူရိုငွေကြေး သုံးစွဲသည့်နိုင်ငံများတွင် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေပြီး ဂျပန်နိုင်ငံတွင် စီးပွားရေးကျဆင်းနေမှုကြောင့် ကမ္ဘာ့ စီးပွားရေးတိုးတက်မှုနှုန်းအပေါ် ရိုက်ခတ်မှုကိုလျော့ကျစေသည်။
   အမေရိကန်နိုင်ငံတွင် တစ်ဦးချင်းဝင်ငွေသည် အောက်တိုဘာလ၌ သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုဆောင်းမှုနှုန်းသည် ၅ ရာခိုင်နှုန်းဖြစ်ပါသည်။

အေးစန္ဒာလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဝါရှင်တန်မြို့

International Trade News

Pages