အမေရိကန်စီးပွားရေး မရေရာမှုများက ရွေးကောက်ပွဲအလားအလာများကို ကမောက်ကမဖြစ်စေ

Wed, 02/24/2016 - 04:18 -- admin_ygn

       ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းမှုအတွက် စိုးရိမ်ပူပန် မှုတွေ ထပ်မံဖြစ်ပွားရတဲ့အတွက် ၂၀၁၆ ခုနှစ်အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲကအမေရိကန်စီးပွား ရေးစွမ်းဆောင်ရည်အပေါ်ကိုပိုမို အလေး ထားလာနိုင်ဖွယ်ရှိကြောင်း ဝေါစထရိစ်ဂျာနယ်သတင်းမှာ ဖော်ပြ ထားပါတယ်။ယခုနှစ် ဆောင်းဦးမှာ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မည်သည့်ပါတီပိုမိုအကျိုးဖြစ်ထွန်းနိုင်သည်ကို တွက်ချက်ရာတွင်ပြည်သူများက ရွေးကောက်ပွဲ လှုပ်ရှားမှုေ<ကးကြော်သံတွေ နဲ့ စကားရည်လုပွဲ ပြောကြားချက်တွေ ထက် လာမယ့်လများအတွင်း ဖြစ်ပေါ် လာမယ့် စီးပွားရေးအခြေအနေကို ပိုမို အာရုံစိုက်လာဖွယ်ရှိကြောင်း နိုင်ငံရေး သိပ္ပံပညာရှင်တွေက ပြောပါတယ်။ယခု နှစ်အတွင်းမှာအမေရိကန် စီးပွားရေးဘယ်လိုဖြစ်လာမလဲဆိုတာ ကို ခန့်မှန်းရခက်ပါတယ်။   ဒါပေမယ့် စတော့တွေ၊ ဘွန်းစာချုပ်တွေနဲ့ အခြား ဘဏ္ဍာရေးဈေးကွက်တွေက  စီးပွားရေးဆုတ်ကပ်ဖြစ်မယ့်  အလားအလာ တွေ ကို ပြသနေပါတယ်။  ပြည်တွင်းစီးပွား ရေး အခြေအနေကလည်း  အကောင်း တွေရော၊ အဆိုးတွေပါ ဒွန်တွဲ ဖြစ်တည် လျက်ရှိနေပါတယ်။ဓာတ်ဆီဈေးနှုန်းချိုသာမူ၊ အိမ်ခြံ မြေဈေးကွက်မှန်မှန်နာလန်ထူလာမှုနဲ့ အလုပ်လက်မဲ့နှုန်း ကို ၅ ရာခိုင်နှုန်းအထိကျဆင်းလောက်အောင်ဖြစ်ပေါ်စေခဲ့ တဲ့အလုပ်အကိုင်ဖွံ့ဖြိုးမှုကောင်းကျိုး တွေကို အမေရိကန်  စားသုံးသူတွေခံစား ခွင့်ရနေပါတယ်။ ဒါပေမယ့်  ပင်လယ်ရပ်ခြားဝယ်လိုအားကျဆင်းမှု၊ ဒေါ်လာတန်ဖိုး ခိုင်မာ မှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေမှာအမြတ် အစွန်းနည်းပါးနေပါတယ်။ပြည်ပနိုင်ငံများမှာဖြစ်ပေါ်နေတဲ့စီးပွားရေးကျဆင်းမှုတွေက အမေရိ ကန်နိုင်ငံရဲ့ စီးပွားရေးအတွက် အကြီး မားဆုံးသော အန္တရာယ်တစ်ခုသဖွယ် ဖြစ်လာနိုင်ကြောင်း၊ အဆိုပါအန္တရာယ် များတွင် တရုတ် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းမှု ကုန်စည်ဈေးနှုန်းများ ကျဆင်းမှုနဲ့ ထွန်းသစ်စဈေးကွက်များမှာ စီးပွားရေးဆုတ်ကပ်နက်ရှိုင်းစွာ ဖြစ်ပေါ်မှု  စတဲ့အချက်တွေပါဝင်ပါတယ်။

International Trade News

Pages