အင်ဒိုနီးရှားတွင် စက်မှုဇုန်များ ပိုမိုထူထောင်မည်

Fri, 12/05/2014 - 12:37 -- admin_ygn

   စီးပွားရေးဖွံ့ဖြိုးမှုကို  အရှိန်အဟုန်မြှင့်တင်ပေးမယ့် သမ္မတဂျိုကိုဝီဒိုဒို အကောင်အထည်ဖော်နေတဲ့အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းလုံး ရှိ ဒေသအများအပြားတွင်  စက်မှုလုပ်ငန်းနယ်မြေများနဲ့ နည်းပညာစီးပွားရေးဇုန်တွေ တည်ဆောက်ဖို့  အစိုးရကစီစဉ်ထားကြောင်း စီးပွားရေးဝန်ကြီးကပြောပါတယ်။
  နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေးကိုတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုမူဝါဒကောင်းတွေရှိရမယ့်အပြင် ပေါင်းစည်းထားတဲ့စက်မှုဇုန်တွေ ဖွံ့ဖြိုးတိုးတက် လာအောင်ဆောင်ရွက်ပေးဖို့လည်းလိုအပ်ကြောင်း၊ ပေါင်းစပ်ညှိနှိုင်းမှု စီးပွားရေးဝန်ကြီး ဆိုဖယန်ဂျာလီကပြောပါတယ်။ နိုင်ငံရဲ့ ကုန်ချောထုတ်လုပ်မှုကဏ္ဍက အင်ဒိုနီးရှားနိုင်ငံ ကို သွင်းကုန်တွေကို မှီခိုနေရတဲ့အခြေအနေမျိုးနည်းသွားအောင်ဆောင်ရွက်ပေးလိမ့်မယ်။ ဒီသွင်းကုန်တွေကြောင့် နိုင်ငံရဲ့ ငွေပေးငွေယူရှင်းတမ်းကို ပြင်းထန်စွာ ထိခိုက်မှု ရှိစေခဲ့ကြောင်း  သူကပြောပါတယ်။
   ''လုပ်သားအင်အားအများကြီးကိုအလုပ်အကိုင်တွေပေးထားနိုင်ဖို့အတွက်ကုန်ချောထုတ်လုပ်မှုကိုြ့ပန်လည်ရှင်သန်အောင်ကျွန်တော်တို့ဆောင်ရွက်သင့်ပါတယ်''လို့  နိုဝင်ဘာ ၂၅ ရက်က ဂျကာတာမှာ ကျင်းပတဲ့ DBS Asian Insight နှီးနှောဖလှယ်ပွဲမှာ သူကပြောပါတယ်။
  ''ဘဏ္ဍာရေးမူဝါဒကို ရေးဆွဲတဲ့အခါ အလုပ်အကိုင်ဖန်တီးရေး၊ အခြေခံအဆောက်အအုံတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကိုတိုးမြှင့်ဖို့ဦး တည်ဆောင်ရွက်ရပါမယ်။ ဥပမာအားဖြင့်  ဒေသကြီးတိုင်းမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကို ပြည့်ပြည့်၀၀ရဖို့လိုအပ်ပါတယ်'' လို့သူက ပြောပါတယ်။
   ပေါင်းစည်းထားတဲ့ စက်မှုနယ်မြေတွေရဲ့  ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးတဲ့ ဆွဲဆောင်မှုတွေပေးဖို့ အစိုးရကပြင်ဆင်နေကြောင်း ဆိုဖယန်က ပြောပါတယ်။ စီမံကိန်းချစက်မှု နယ်မြေတွေမှာ လုပ်သားတွေအတွက် တန်ဖိုးသင့်  အိမ်ရာ၊ ကျောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလိုအပ်မှာဖြစ်ပါတယ်။

ဉာဏ်တင်

International Trade News

Pages