သြစတြေးလျနိုင်ငံတွင် အပူချိန်မြင့်တက်မှု စံချိန်သစ်တင်

Fri, 03/25/2016 - 05:10 -- admin_ygn

သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားမြို့တွင် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သြစတြေးလျနိုင်ငံ မိုးလေဝသဗျူရို၏ထုတ်ပြန် ကြေညာချက်များကို ကိုးကား၍ ဆင်ဟွာသတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။ဗစ်တိုးရီးယားမြို့ တွင် အပူချိန်သည် ပုံမှန် ရှိနေသည့်အပူချိန်ထက် ၇ ဒီဂရီဆဲလ်ဆီးယပ်စ်မှ ၉ ဒီဂရီဆဲလ်ဆီးယပ်စ်အထိ မြင့်တက်ခဲ့သည်ဟု ဆိုသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှ မတ်လဆန်း ပိုင်းအထိ အပူချိန်သည် သာမန်အပူချိန် မျှ သာ ဖြစ် ခဲ့သော်လည်း မတ်လ ဒုတိယပတ်မှစတင်ကာ အပူချိန်များ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ယခုမတ်လအတွင်း  သြစတြေးလျနိုင်ငံ တစ်ဝန်းလုံးတွင် နေ့အပူချိန်များ မြင့်တက်လျက်ရှိ ရာ မတ် ၂ရက်က  ၃၈ ဒသမ ၁၄ ဒီဂရီ ဆဲလ်ဆီး ယပ်စ်သာ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၄၄ ဒသမ ၄၄ ဒီဂရီဆဲလ်ဆီးယပ်စ်သို့ မြင့်တက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ  နောက်ဆုံးပတ်အတွင်းက  ကွင်း စလန်းပြည်နယ်တွင် အပူချိန်သည် ၄၆ ဒသမ ၁  ဒီဂရီ ဆဲလ်ဆီးယပ်စ် အထိ မြင့် တက်ခဲ့ရာ စံချိန် တင်နိုင်လောက်သည်အထိ မြင့်တက်ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ပြင် ဝင်တန်ပြည်နယ်တွင် ၄၅ ဒသမ ၅ ဒီဂရီဆဲလ်ဆီးယပ်စ်၊ လောင်းရိချ်ပြည်နယ်တွင် ၄၄ ဒသမ ၄ ဒီဂရီဆဲလ်ဆီးယပ်စ် ရှိ ခဲ့ကြောင်း၊ သြစတြေး လျနိုင်ငံ မိုးလေဝသဗျူရို၏တိုင်းထွာ ချက်များတွင် ဖော်ပြထားသည်။ပြီးခဲ့သည့်မိုးရာသီက မိုးရွာသွန်းမှု နည်းပါး ခဲ့ခြင်း၊ အရှေ့ဘက်မှ လေအေးများ တိုက်ခတ်မှု နည်းပါးခဲ့ခြင်းတို့ကြောင့် နွေရာသီ တွင်အပူ ချိန် များ မြင့် မားနေ ရခြင်းဖြစ်သည်ဟု  မိုးလေဝသ ပညာရှင်များက သုံးသပ်ထားသည်။''သြစတြေးလျနိုင်ငံမှာသာမက တစ် ကမ္ဘာ လုံးမှာပါ အပူချိန်မြင့်တက်မှုကို ကာလရှည် ခံစား ရနိုင်ပါတယ်။ ဒါဟာတစ်ကမ္ဘာလုံးအတွက် စိုးရိမ် ပူပန်ရမယ့် အချက်ပါ။ မတ် ၉ ရက်နဲ့ ၁၀ ရက် တုန်းက  အပူချိန်ဟာ  အမြင့်ဆုံးအပူချိန်ကို ရောက်ရှိခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံကို  အပူလှိုင်း ဖြတ်သန်းလာတယ်လို့ ခန့်မှန်းရပါ တယ်''ဟု သြစတြေးလျနိုင်ငံ မိုးလေဝသဗျူရိုမှ မိုးလေဝသပညာရှင် ဘလဲယားတာဝင်က ပြော ကြားခဲ့သည်။ယင်းကာလများက အပူချိန်သည်  ၂၀၁၄ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့်အပူချိန်ထက် သာလွန်နေ သဖြင့် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ထို့ပြင် အရှေ့ပိုင်း ကမ်းခြေဒေသတစ်ခုဖြစ် သည့် ဆစ်ဒနီကမ်းခြေဒေသတွင်လည်း အပူချိန် များမြင့်တက်လျက်ရှိရာ ယခုအခါတွင် ဆစ်ဒနီကမ်း ခြေ၌ အပူချိန် ၂၆ ဒီဂရီဆဲလ်ဆီးယပ်စ်အထိ ရှိလာ ကြောင်း မိုးလေဝသဗျူရိုက  အေအက်ဖ်ပီသတင်း ဌာနသို့ ပြောကြားခဲ့သည်။
မယ်သီတာ

International Trade News

Pages