သယ်သူပို့ဆောင်ရေးစီမံကိန်းကိစ္စများဆွေးနွေးရန် အာဆီယံ သယ်ယူပို့ဆောင်ရေးအရာရှိများ မနီလာမြို့ တွင် တွေ့ဆုံ

Tue, 05/03/2016 - 07:46 -- admin_ygn

အရှေ့တောင်အာရှ  နိုင်ငံများ အသင်း (အာဆီယံ) မှ သယ်ယူပို့ဆောင် ရေးအရာရှိတစ်ရာကျော်တို့က ဧပြီ ၂၆ ရက်မှာတွေ့ဆုံပြီး   ဒေသတွင်းဆက် သွယ်ရေးကို   တိုးတက်ကောင်းမွန် အောင်ဆောင်ရွက်ပေးမယ့် သယ်ယူ ပို့ ဆောင်ရေး စီမံကိန်းများအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း    ဖိလစ်ပင်း ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။ ဖိလစ်ပိုင်နိုင်ငံဆက်သွယ်ရေးနဲ့ သယ် ယူပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ တာဝန် ယူမှုဖြင့် ဖိလစ်ပိုင်နိုင်ငံက (၄၁) ကြိမ် မြောက်အကြီးတန်းသယ်ယူပို့ဆောင် ရေးအရာရှိများအစည်းအဝေး (41st Senior Transport Officials Meeting-STOM)  ကို ဧပြီ ၂၈ ရက် အထိကျင်းပ ပေးခဲ့ပါတယ်။အာဆီယံ  သယ်ယူပို့ဆောင်ရေး ကဏ္ဍ က ဒေသ တွင်းစီးပွားရေးပေါင်း စည်းရေးရဲ့  အစိတ်အပိုင်းတစ်ရပ် အဖြစ်စီမံကိန်းသစ်များကို  ဆောင်ရွက် သွားမှာဖြစ်ပါတယ်။   ၂၀၁၅ ခုနှစ်က လည်းအဖွဲ့ဝင် ၁၀ နိုင်ငံတို့က ကွာလာလမ်ပူ သယ်ယူပို့ဆောင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၅) ကို ရေးဆွဲချမှတ်ခဲ့ပါတယ်။ ချမှတ်ထား တဲ့ စီမံကိန်းထဲမှာ ဆက်သွယ်ရေး၊ စွမ်း ဆောင်ရည်၊ ပေါင်းစည်းရေး၊ ဘေးကင်း လုံခြုံရေးနဲ့ အာဆီယံသယ်ယူ ပို့ဆောင် ရေး   ရေရှည်တည်တံ့ကောင်းမွန်ရေး စတဲ့အချက်တွေကို အလေးပေးဖော်ပြ ထားပါတယ်။ဒီစီမံကိန်းမှာ  လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းသွားလာရေး၊ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေ ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ရှေ့လုပ်ငန်း စဉ်တွေ ကို ချမှတ်ထားပေး ပြီး ဖြစ်ပါတယ်။အစည်းအဝေးမှာ   ဖိလစ်ပိုင်ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးရှရီလိုက်ဘိုနီဖာက ဧပြီ ၁၅ ရက်ကအတည်ပြု ခဲ့ပြီးဖြစ်တဲ့  အာဆီယံလွတ်လပ် တဲ့ ကောင်း ကင်    သဘောတူ စာချုပ် (ASEAN  Open Sky Agreement) ကို ချီးကျူးပြောကြားခဲ့ပါတယ်။ဖော်ပြပါသဘောတူညီချက်အရ အဖွဲ့ဝင်    နိုင်ငံများအချင်း ချင်း   လေ ကြောင်းသွား လာမှုကို   ဖြေလျော့မှု များ ဆောင် ရွ က်ခြ င်းဖြင့် ဒေသတွင်းလေ  ကြောင်းသွားလာမှု ဖွံ့ဖြိုးလာစေနိုင် မယ်လို့ ရည်မှန်းထားပါတယ်။ လေ ကြောင်းမူဝါဒအရ အာဆီယံမြို့တော် များအချင်းချင်းတိုက်ရိုက်ခရီးစဉ်များ ကို ခွင့်ပြုပြီးဒေသတွင်းကုန်သွယ်မှုကို တိုးတက်ကောင်း မွန်အောင်    ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။

International Trade News

Pages