လူကြိုက်အများဆုံး လေကြောင်းလိုင်းအဖြစ် အာရှလေကြောင်းလိုင်း Vietjet ရရှိ

Tue, 05/03/2016 - 08:20 -- admin_ygn

   ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပခဲ့သည့် ရွှေနဂါးပွဲတော်ဆုချီးမြှင့်ပွဲနှင့် ဗီယက်နမ်၏အကောင်းဆုံး အမှတ်တံဆိပ်ချီးမြှင့်ပွဲတွင် အာရှ၏လူကြိုက်အများ ဆုံးတန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်သည့် Vietjet သည် ဗီယက်န မ်နိုင်ငံ၏အကောင်းဆုံးအမှတ်တံဆိပ်နှင့် တိုင်းပြည်အတွင်းလူကြိုက်အများဆုံးလေကြောင်းလိုင်းတစ်ခုအဖြစ်ချီးမြှင့်ခြင်းခံခဲ့ရကြောင်း Vietjet ၏သတင်းထုတ်ပြန်ချက်များအရသိရသည်။နှစ်စဉ်ကျင်းပသည့်ဗီယက်နမ်၏အေ ကာင်း ဆုံးအမှတ်တံဆိပ်ချီးမြှင့်ပွဲသည် နာမည်ကျော် Vietnam Economic Time Publicationနှင့် ကုန်သွယ်စီးပွားဌာန စိတ် (စက်မှုနှင့်ကုန်သွယ်ဝန်ကြီးဌာန)တို့မှ စတင်ကြီးမှူးကျင်းပသောပွဲဖြစ်သည်။ ထိုဆုကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊နည်းပညာဆိုင်ရာ ဖြေရှင်းမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့အပြင်လူမှုအသိုင်းအဝိုင်းတိုးတက်ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပါဝင် မှုအားကောင်းသော နာမည်ရစီးပွားရေးလုပ်ငန်းများအကြား ရွေးချယ်ခြင်းဖြစ် သည်။Vietjet သည် လက်ရှိတွင် ပြည်တွင်းနှင့် ပြည်ပ အဖွဲ့အစည်းများမှ အသိအမှတ်ပြုဆုတံဆိပ်များစွာရရှိထားပြီး ထိုဆုများထဲတွင် ဗီယက်နမ်၏အကောင်းဆုံးလုပ်ငန်းခွင်ဆု၊PATA  ရွှေတံဆိပ် TTG Travel Award မှပေးအပ်သော ၂၀၁၅ ခုနှစ်၏ အကောင်းဆုံးအာရှတန်ဖိုးနည်းလေကြောင်းလိုင်းဆု၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုလုပ်ဆောင်သည့် ထိပ်သီးအမှတ်တံဆိပ်ဆု ၂၀၊တစ်နှစ်တာ အကောင်း ဆုံးစီးပွားရေးလုပ်ငန်းဆု (လေကြောင်းလိုင်းကဏ္ဍ)၊Defence and Transport by Asia-Pacific Stevie Awards 2015 တို့ပါဝင်ကြောင်း သိရသည်။
မယ်သီတာ

International Trade News

Pages