ရေနံဈေးနှုန်းရေရှည်ကျဆင်းမှုကြောင့် အမေရိကန်ရေနံကုမ္ပဏီများရဲ့ ၂၀၁၆ ခုနှစ်အတွက်အသုံးစရိတ်များအားလျော့ချ

Thu, 02/18/2016 - 03:49 -- admin_ygn

                အမေရိကန် ပြည်ထောင်စုမှာ ရေနံဈေးနှုန်းတွေအဆက်မပြတ် ကျ ဆင်းပြီး ငွေကြေးစီးဆင်းမှုတွေ အခြေအနေပျက်ယွင်းလျက်ရှိတဲ့အတွက်  နုန်းကျောက်မှရေနံထုတ်လုပ်တဲ့ အမေရိကန်တွေက လက်ရှိနှစ်လတာ ကာလ အတွင်း ၂၀၁၆ ခုနှစ်အသုံးစရိတ်ကိုဒုတိယအကြိမ်မြောက်လျှော့ချခဲ့ကြောင်း နဲ့ ရေနံဈေးနှုန်းက တစ်စည်ကို အမေရိ ကန်ဒေါ်လာ ၃၀ အောက်ထိ ကျဆင်းမှုကြောင့် ရေနံထုတ်လုပ်သူတွေကလုပ်ငန်းစီမံကိန်းအသစ်များ အတွက် အသုံးစရိတ်ကိုဆိုင်းငံ့ထားကြောင်း ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။''ကုမ္ပဏီများကလက်ကျန်ရှင်းတမ်းများနဲ့ငွေသားတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ဆောင်ရွက်နေပြီး ဝင်ငွေနဲ့လောက်ငှရုံသာဆောင်ရွက် လျက်ရှိကြတဲ့အတွက် အရအသုံးစရိတ် ဆက်လက်ကျဆင်းနေမယ့်သဘောရှိတယ်''လို့ Topeka Capital Markets ရဲ့လေ့လာဆန်းစစ်ရေးမှူးဂါဘနီယယ်ဆော်ဘရာကပြောပါတယ်။ထုတ်လုပ်မှုအရထိပ်ဆုံးနေရာကိုရောက် ရှိနေတဲ့ အမေရိကန်ရေနံကုမ္ပဏီ ၃၀ အနက် ၁၈ ခုက ၂၀၁၆ ခုနှစ်အတွက် အသုံးစရိတ်ကို ရေးဆွဲ ထားပြီးဖြစ်ပါတယ်။ အဆိုပါ ကုမ္ပဏီများက အရအသုံးစရိတ်ကိုပျမ်းမျှခြင်း အားဖြင့် ၄၀ ရာခိုင်နှုန်း အထိ လျှော့ချထားရာ လေ့ လာဆန်းစစ်ရေးမှူးအများစုခန့်မှန်းထားတာထက်ပို မိုကျဆင်းလျက်ရှိကြောင်းရိုက်တာလေ့လာ ဆန်းစစ်ရေးမှူးတွေကပြောပါတယ် ဒါပေမယ့် နောက်ထပ်လျှော့ချဦး မယ့် အလားအလာတွေ ရှိနေပါသေး တယ်။ အလားတူရေနံ မြေဒေသမှာရှိတဲ့ ဝန်ဆောင်မှုဈေးနှုန်းလျှော့ချထားပြီးအသုံးစရိတ်ချွေတာမှုကိုတိုးမြှင့်ဆောင် ရွက်ထားပြီးဖြစ်တဲ့အတွက် နောက်ထပ်လျှော့ချစရာမရှိတော့ကြောင်း လေ့လာဆန်းစစ်သူတွေကသုံးသပ်ပါတယ်။

 

International Trade News

Pages