ရေနံဈေးကွက်တည်ငြိမ်ရေးအတွက် အိုပက်နဲ့ အခြားရေနံထုတ်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရေး ဆော်ဒီအာရေးဗီးယားနဲ့ ဗင်နီဇွဲလားတို့ဆွေးနွေး

Thu, 02/18/2016 - 04:32 -- admin_ygn

                         ဆော်ဒီအာရေဘီးယားရေနံ ဝန်ကြီး အလီအယ်လ်နိုင်မီနဲ့ ဗင်နီဇွဲလားရေနံဝန်ကြီးတို့က ရေနံဈေးကွက်တည် ငြိမ်ဖို့အတွက် ရေနံတင်ပို့တဲ့ နိုင်ငံများ အဖွဲ့ (အိုပက်)အဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြား ရေနံထုတ်လုပ် တဲ့ နိုင်ငံတွေပူးပေါင်းဆောင်ရွက်ရေးကိစ္စကိုဖေဖော်ဝါ ရီ ၈ ရက်ကဆွေးနွေးခဲ့ကြတယ်လို့ ဆော်ဒီအာရေးဘီးယားနိုင်ငံတော်သတင်း အေဂျင်စီ SPA မှာဖော်ပြပါတယ်။ ဗင်နီဇွဲလားရေနံဝန်ကြီးယူလိုဂျီယို အယ်လ်ပီနိုက ရေနံ ထုတ်လုပ်တဲ့နိုင်ငံတွေကိုသွားရောက်ပြီးရေနံဈေးနှုန်းတွေ မြှင့်တင်ရေးအတွက် အရေးယူဆောင်ရွက်မှုတွေ  ပြုလုပ်ဖို့ဆောင်ရွက်လျက်ရှိပါတယ်။ ယခုအစည်းအဝေးကလည်းအပြုသဘောရလဒ်တွေ့ရှိတယ်လို့သူကပြောပါ တယ် ။အိုပက်အဖွဲ့ဝင်နိုင်ငံတွေအနက်   ငွေ ကြေးအကျပ်အတည်းနဲ့ ကြုံနေရတဲ့ ဗင်နီဇွဲလားနိုင်ငံက ၂၀၀၃ ခုနှစ်နောက် ပိုင်းအနိမ့်ဆုံးအထိကျဆင်းနေတဲ့ ရေနံဈေးနှုန်းကိစ္စကိုဆွေးနွေးဖို့ ဆန္ဒရှိနေပြီး အိုပက်အဖွဲ့ရဲ့အရေး ပေါ်အစည်းအဝေး ကို ကျင်းပပေးဖို့ နှိုးဆော်လျက်ရှိပါ တယ်။ ဆွေးနွေးပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရမယ်ဆိုတာကို သံသယ ရှိနေကြပါတယ်။ ဒါပေမဲ့ အိုပက် အဖွဲ့ ဝင်နိုင်ငံတွေနဲ့ သူရဲ့ပြိုင်ဘက် ရေနံထုတ်လုပ် တဲ့အခြားနိုင်ငံတွေက ရေနံထုတ် လုပ်မှုကို  ထိန်းချုပ်တော့မယ့် အလားအလာကို ပြသလာတဲ့ အတွက်ဇန်နဝါရီ က တစ်စည်ကိုအမေရိကန် ဒေါ်လာ ၂၇ အထိကျဆင်းခဲ့တဲ့ ရေနံစိမ်း ဈေးတွေက ဖေဖော်ဝါရီ ၅ ရက်မှာတစ်စည် ကို အမေရိကန် ဒေါ်လာ ၃၄ အထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

 

International Trade News

Pages