ရုရှားနိုင်ငံ၏ သွင်းကုန်ခွန်မြင့်မားလွန်းခြင်းနှင့်ပတ်သက်၍ WTO သို့အီးယူက တိုင်တန်း

Thu, 12/04/2014 - 12:14 -- admin_ygn

  အီးယူမှ ရုရှားနိုင်ငံသို့ တင်သွင်းလျက်ရှိသည့် စက္ကူ များ၊ ရေခဲသေတ္တာများ၊ ရေခဲခံသေတ္တာများနှင့် စားအုန်းဆီများအပေါ် ရုရှားနိုင်ငံက အခွန်ကြီးလေးစွာကောက်ခံနေကြောင်း အဆိုပြုလျက် WTO သို့ အီးယူက ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် တိုင်တန်းခဲ့သည်။ ရုရှားနိုင်ငံအနေဖြင့် ၎င်းကောက်ခံနေကျအခွန်နှုန်းထက် ပိုမိုမြင့်မားသော အကောက် ခွန်နှုန်းသတ်မှတ်ကောက်ခံနေခြင်းသည် WTO သဘောတူစာချုပ် ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အီးယူ၏ တိုင်တန်းစာတွင် ဖော်ပြထားကြောင်း သိရှိရသည်။
  ရုရှားနိုင်ငံအနေဖြင့် အဆိုပါကိစ္စ အား ရက်ပေါင်း ၆၀ အတွင်း အရေးယူဆောင်ရွက်ခြင်းမပြုလုပ်ပါက အီးယူက WTO သို့ အရေးယူပေးရန် တောင်းဆိုနိုင်သည်။
  အီးယူသည် ရုရှားနိုင်ငံသို့ ယူရို သန်း ၆၀၀ ခန့်တန်ဖိုးရှိသော စက္ကူ များ၊ ရေခဲသေတ္တာများ၊ ရေခဲခံသေတ္တာများ နှင့် စားအုန်းဆီများအား နှစ်စဉ်တင်ပို့လျက်ရှိသည်။

ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့

 

International Trade News

Pages