မလေးရှားနိုင်ငံမြောက်ပိုင်းတွင် ပူပြင်းခြောက်သွေ့ မှုကြောင့် စိုက်ပျိုးရာတွင် အခက်တွေ့နေသည့် ရော်ဘာနှင့်စပါးစိုက်ပျိုးသူများအား အကူအညီပေးမည်ဟုဆို

Thu, 03/31/2016 - 06:57 -- admin_ygn

အယ်လ်နီညိုရာသီဥတု၏ ရိုက်ခတ်မှုကြောင့် မလေးရှားနိုင်ငံမြောက်ပိုင်း ကီဒက်ပြည်နယ်တွင် ပူပြင်းခြောက်သွေ့မှုများ ဖြစ်ပေါ်လျက်ရှိရာ ရော်ဘာ စိုက်ပျိုးသူများနှင့်စပါးစိုက်ပျိုးသူများ အား အကူအညီများပေးသွားမည်ဟု မလေးရှား နိုင်ငံလယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး အခြေခံ စက်မှုဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ခဲ့ ကြောင်းသိရသည်။ပူပြင်းခြောက်သွေ့မှုကြောင့် ရော်ဘာအစေး ခြစ်လုပ်ငန်းများမှာ လုပ်ငန်းတွင်ကျယ်မှုမရှိ ကြောင်း၊ ယခုတစ်ပတ်အတွင်း ပူပြင်းခြောက် သွေ့မှုမှာမကြုံစဖူးလောက်ပင်ထူးကဲလှကြောင်း၊ ကီဒတ်ပြည်နယ် ဂျီထရာတွင် ရော်ဘာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်သူ အသက် ၇၉ နှစ်အရွယ်ရှိ အီဘရာဟင်အစ္စမေးလ် ကပြောကြား ခဲ့သည်။အပူချိန်မြင့်မားမှုကြောင့် ရော်ဘာစေးများ မှာ ထွက်ရှိသင့်သလောက် မထွက်ရှိဘဲဖြစ်နေ ကြောင်း ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။ ထို့ပြင် စပါးစိုက်လယ်သမားများကလည်းယခုဖြစ်ပေါ် နေသည့်ရာသီ ဥတုထိခိုက် မှုများကြောင့် ယခုနှစ် ရိတ်သိမ်းရာသီတွင် စပါးအထွက်နှုန်းကို ထိခိုက် စေမည်ဖြစ်ကြောင်း၊ ကီဒက်ရှ်ဒေသသည် မလေးရှားနိုင်ငံပြည်တွင်းဆန်စပါးထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းခန့် ကို ဖြည့်ဆည်းပေးနေ သည့်ဒေသ ဖြစ်ေ ကြာင်း ၊ မလေးရှားနိုင်ငံ ဆန်စပါးစိုက်ဧက ၏ သုံးပုံတစ်ပုံသည်ကီဒက်ရှ်ဒေသပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုရာသီဥတု ပူပြင်းမှုကြောင့် လာ မည့်နှစ်ရိတ်သိမ်းချိန်တွင် ဆန်စပါးအထွက်နှုန်း ကို ထိခိုက်လာနိုင်ကြောင်း စီအန်န်အေ သတင်း တွင်ရေးသားဖော်ပြထားသည်။ကီဒက်ရှ်ပြည်နယ်နှင့် ၎င်းင်းပြည်နယ်အနီးရှိ ပါလိစ်ဒေသတို့သည် နိုင်ငံတစ်နိုင်ငံလုံး၏ထက် ဝက်ကျော်ကို  ဆန်စပါးဖြည့်တင်းပေးနေသည့် ဆန်ပိုဒေသ များပင်ဖြစ်ကြောင်း အဆိုပါသတင်း တွင် ဖော်ပြထားသည်။ ကီဒက်ရှ်ပြည်နယ်တွင် ပူပြင်းခြောက်သွေ့မှုများဖြစ်ပေါ်နေသည့်နည်းတူ  ပါလိစ်ဒေသတွင်လည်း ပူပြင်းခြောက်သွေ့မှုများဖြစ်ပေါ်လာနိုင်သဖြင့် ယင်းဒေသမှလယ်သမား များက စိုးရိမ်ပူပန်လျက်ရှိကြောင်း  အဆိုပါ သတင်းတွင် ဖော်ပြထားသည်။''အယ်လ်နီညိုရဲ့အကျိုးဆက်ကြောင့် ပူပြင်း ခြောက်သွေ့မှုတွေ ဖြစ်လာနိုင်တာကို သိထားပြီး သားပါ။ အဲဒါကြောင့် အယ်လ်နီညိုကြောင့်ပူပြင်း ခြောက်သွေ့နိုင် တဲ့ဒေသတွေ၊  ရေရှားပါးနိုင်တဲ့ ဒေသတွေကို အကူအညီပေးနိုင်ဖို့ စီစဉ်ဆောင် ရွက်ထားပါတယ်''ဟု  လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး အခြေခံစက်မှုလုပ်ငန်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

International Trade News

Pages