ဗီယက်နမ်နိုင်ငံတွင် ကင်ဆာရောဂါကြောင့် နှစ်စဉ် လူ ၇၅၀၀၀ ကျော် သေဆုံး

Wed, 05/04/2016 - 05:27 -- admin_ygn

   ဗီယက်နမ်နိုင်ငံတွင်ကင်ဆာရောဂါကြောင့်သေဆုံးသူပေါင်း ၇၅၀၀၀ ကျော်ရှိပြီး ကင်ဆာရောဂါ ဖြစ်ပွားနေပြီ ဟုစတင်သိရှိသူပေါင်းမှာ တစ်သိန်းခွဲခန့်ရှိနေပြီဖြစ်ကြောင်းဗီယက်နမ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူ တစ ်ဦးကဆင်ဟွာသတင်းဌာနသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ကင်ဆာရောဂါဖြစ်ပွားမှုသည်ကမ္ဘာတစ်ဝန်းလုံးတွင် တစ်နှစ်ထက်တစ်နှစ်မြင့်တက်လျက်ရှိသကဲ့သို့ ဗီယက်နမ်နိုင်ငံတွင်လည်း ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်ထက် တစ်နှစ်မြင့်တက်လျက်ရှိကြောင်းဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးPham Le Tuan က ပြောကြားခဲ့ခြင်းဖြစ်သည်။ဗီယက်နမ်နိုင်ငံအမျိုးသားကျန်းမာရေးမဟာဗျူဟာစီမံကိန်းအရ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာရောဂါတိုက်ဖျက်ရေးနှင့် ကာကွယ်ရေး တို့ကိုလုပ်ဆောင်ခဲ့ရာ အဆိုပါငါးနှစ် စီမံကိန်းကာလတွင် ကင်ဆာရောဂါ ဖြစ်ပွားနေသူပေါင်း ၅၃၂၀၀၀ ကို တွေ့ရှိခဲ့ရသည်။ ကျန်းမာရေးဝန်ကြီးဌာနက ပြုလုပ်ခဲ့ သည့် ကင်ဆာရောဂါဆိုင်ရာ ဆွေးနွေး ပွဲတွင် ပါဝင်ဆွေးနွေးသူများ သည်ဗီယက်နမ်နိုင်ငံ၌ ကင်ဆာရောဂါ ကုသရာတွင် ကုန်ကျစရိတ်များပြားမှုများ၊ ကင်ဆာရောဂါသည်များအတွက် ကျန်းမာရေးအာမခံထားရှိမှုများ၊ ကင်ဆာ ရောဂါကုသရေးအတွက် ဆောင်ရွက် ထားရှိသည့်နည်းလမ်းများကို အဓိက ထား၍ ဆွေးနွေးခဲ့ကြကြောင်း ဗီယက် နမ်သတင်းဌာနက ထုတ်ဖော်ရေးသား ခဲ့သည်။
မယ်သီတာ

International Trade News

Pages