ဗီယက်နမ်ကုမ္ပဏီတို့က ၂၀၁၅ ခုနှစ်ကို အကောင်းဘက်ကရှုမြင်

Fri, 01/16/2015 - 13:27 -- admin_ygn

   ဗီယက်နမ်နိုင်ငံရဲ့  စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်က ၂၀၁၅ ခုနှစ်မှာ ပိုမိုကောင်းမွန်လာလိမ့်မယ်လို့  စီးပွားရေးလုပ်ငန်းအများစုက ယုံကြည်နေကြကြောင်း VNS သတင်း မှာ ဖော်ပြထားပါတယ်။
   မေခရိုစီးပွားရေးတည်ငြိမ်မှုအတွက် အစိုးရကငွေကြေးဖောင်းပွမှုကို အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ကြောင်း၊   ထိုသို့ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေက ထုတ်လုပ်ရေး မဟာဗျူဟာတွေချမှတ်ပြီး  သူတို့ရဲ့အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ ကြိုးပမ်းရာမှာ အထောက်အကူပေးနိုင်ခဲ့ကြောင်း တောင်ပိုင်းဒေသ စီးပွားရေးအသင်းများ နဲ့  စီးပွားရေး လုပ်ငန်းများတို့ နှစ်အကုန်တွေ့ဆုံပွဲမှာ ဗီယက်နမ်ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း ညွှန်ကြားရေးမှူး ဗူရှန်လောက်ကပြောပါတယ်။
   သို့သော်လည်း  ဗီယက်နမ်  စီးပွားရေးလုပ်ငန်းများက ယှဉ်ပြိုင်မှုစွမ်းဆောင်ရည်ပြဿ    နာနဲ့   ရင်ဆိုင်ရပြီး ပုဂ္ဂလိက ကုမ္ပဏီတွေ အထူးသဖြင့် အက်စ်အမ်အီးတွေက အခက် အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်။
   အကောက်ခွန်နဲ့ အခွန်အကောက်ဆိုင်ရာ  မူဝါဒတွေမှာပါရှိတဲ့ အခက်အခဲတွေကိုဖယ်ရှားဖို့ အစိုးရကထိရောက်တဲ့ အစီအမံတွေ ဆက်လက်ထုတ်ပြန်သွားလိမ့်မယ်လို့ ယုံကြည်ကြောင်း ဗီယက်နမ်သီဟိုဠ်စေ့အသင်း ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒန်ဟောင်ဂျန်းကပြောပါတယ်။
   အပြည်ပြည်ဆိုင်ရာဈေးကွက်ထဲမှာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်စည်တွေရဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေကို အကောင်းဆုံးကာကွယ်ဖို့၊ ကုန်သွယ်ရေးအငြင်း ပွားမှုတွေကို ဖြေရှင်းရာမှာ  ပိုမိုထောက်ကူမှုပေးဖို့နဲ့  အခြေအနေကောင်းတွေရှိတဲ့  ရင်းနှီးမြှုပ်နှံမှု သဘာဝပတ်ဝန်းကျင်တွေ ဖန်တီးပေးဖို့ကိုလည်း သူတို့ကဆန္ဒရှိနေပါတယ်။
   ဗီယက်နမ်ရဲ့စီးပွားရေးလုပ်ငန်းတွေက မျှတပြီး တန်းတူညီမျှတဲ့ ဝန်းကျင်တစ်ခုကို လိုလားကြသလို  ကမ္ဘာ့အဆင့်ပေါင်းစည်းရေးအတွက် သူတို့ရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်တွေ ကို တိုးမြှင့်ပေးဖို့ဆန္ဒရှိနေကြောင်း ဟိုချီမင်းစီးတီးစက်မှုပညာရှင်များအသင်းမှ ငုယင်သီအန်းသူကပြောပါတယ်။
   ဗီယက်နမ်အသင်းများနဲ့   စီးပွားရေးလုပ်ငန်းတွေက စီးပွားရေးအလားအလာတွေကိုရော ၂၀၁၅ ခုနှစ်အတွက် စိန်ခေါ်မှုတွေကိုပါ အကဲဖြတ်သုံးသပ်ပြီး ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးရေးမဟာဗျူဟာတွေချမှတ်ဖို့  ဟိုချီမင်းစီးတီးစီးပွားရေးလုပ်ငန်းအသင်းဥက္ကဋ္ဌ ဟွန်ဗန်မင်းက ပြောပါတယ်။

ဉာဏ်တင်

International Trade News

Pages