ပူပြင်းခြောက်သွေ့မှုကြောင့် ထိုင်းနိုင်ငံရဲ့ ဂျီဒီပီဖွံ့ဖြိုးမှုကျဆင်းနိုင်

Tue, 03/29/2016 - 05:19 -- admin_ygn

   ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာဖြစ်ပေါ်တဲ့ပူပြင်းခြောက်သွေ့မှုကြောင့် ၂၀၁၆ ခုနှစ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု(ဂျီဒီပီ) ဖွံ့ဖြိုးမှုနှုန်းမှာ သုည ဒသမ ၈၅ ရာခိုင်နှုန်း ကျဆင်းပြီး လယ်ယာစိုက်ပျိုးရေးနဲ့ စီးပွားရေးကဏ္ဍများမှ  ဆုံးရှုံးမှုက ဘတ် ၁၁၉ ဒသမ ၂၈ ဘီလီယံအထိရှိနိုင်ကြောင်းထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် စီးပွားရေးနဲ့ စီးပွားရေးလုပ်ငန်းခန့်မှန်းတွက်ချက်ရေးစင်တာ (Center for Economic and Business Forecasting) ရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီးနေးရှင်းသတင်းမှာဖော်ပြပါတယ်။ဒါပေမယ့် ပူပြင်းခြောက်သွေ့မှုဖြစ်ပွားတဲ့ ကာလအတွင်းစီးပွားရေးတည်တံ့မှုကို အားပေးတဲ့အနေနဲ့ အစိုးရကစီးပွားရေး လှုံ့ဆော်တွန်းအားပေးအစီအစဉ်အဖြစ် ဘတ်ဘီလီယံ ၆၀ မှ ဘတ် ဘီလီယံ ၁၀၀ အထိ ဆောင်ရွက်ပေးလိမ့်မယ်လို့ စင်တာက ခန့်မှန်းထားပါတယ်။မကြာသေးမီကပြုလုပ်ခဲ့တဲ့ စစ်တမ်းများအရ ပူပြင်း ခြောက်သွေ့မှုက ဇွန်အထိကြန့်ကြာနိုင်ပြီး လယ်ယာလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းများရဲ့ဝင်ငွေဆုံးရှုံးမှုက ဘတ် ၁၁၉ ဒသမ ၂၈ ဘီလီယံ ထိရှိမယ်လို့ခန့်မှန်းထားကြောင်းစင်တာရဲ့ ညွှန်ကြားရေးမှူးသာနာဝပ်ပွန်ဗီချိုင်းက ပြော ပါတယ်။ တိုက်ရိုက်နဲ့ သွယ်ဝိုက်ဆုံးရှုံးမှုက စီးပွားရေးကဏ္ဍမှာ ဘတ် ၄၁ ဒသမ ၄၂ ဘီလီယံရှိပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍက ဘတ် ၇၇ ဒသမ ၈၆ ဘီလီယံရှိမယ်လို့ခန့်မှန်းပါတယ်။မတ် ၇ ရက်မှ ၁၆ ရက်အတွင်းလယ်ယာကဏ္ဍမှ ၁၂၀၀ ဦးကို ပြုလုပ်တဲ့စစ်တမ်းအရ ယခုနှစ် ပူပြင်း ခြောက်သွေ့မှုကယခင်နှစ်ထက်ပိုမိုပြင်းထန်မယ်လို့သဘောထားမှတ်ချက်ပေးသူ ၅၈ ရာခိုင်နှုန်းရှိပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းဒေသတွေမှာပိုမိုဆိုးရွားနိုင်ပြီး ကုန်ထုတ်လုပ်မှုစရိတ်၊ ရေအရင်းအမြစ် ရရှိရေးကုန်ကျစရိတ်၊ အိမ်ထောင်စုေ<ကးမြီနဲ့ နေ့စဉ် အသုံးစရိတ်တွေမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ချိန်တည်းမှာထုတ်လုပ်မှုနဲ့ လယ်ယာလုပ်ငန်းတွေရဲ့ ဝင်ငွေကလည်းကျဆင်းနိုင်ပါ တယ်။စစ်တမ်းအရ တောင်သူလယ်သမား ၈၂ ဒသမ ၁ ရာခိုင်နှုန်းက အခြေအနေနဲ့လိုက်လျောညီ ထွေဖြစ်အောင် ပြုပြင်ပြောင်းလဲမှုအဖြစ် အရောင်းအဝယ်လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင်ခြင်း၊ သီးနှံပြောင်းလဲခြင်း၊ စိုက်ပျိုးချိန်ကာလ လျှော့ ချခြင်း၊ မြို့များသို့   ပြောင်းရွှေ့လုပ်ကိုင်ခြင်းနဲ့ အစိုးရစီမံကိန်းများတွင် ပါဝင်ခြင်း စတဲ့လုပ်ငန်း တွေကို ဆောင်ရွက်ကြပါတယ်။ ဒါပေမယ့် ၁၇ ဒသမ ၉ ရာခိုင်နှုန်းက သူတို့ရဲ့ လယ်ယာမြေများ ရေသွင်းစိုက်ပျိုးမှု ဧရိယာအတွင်း ရှိခြင်း၊ ပူပြင်းခြောက်သွေ့မှုက ပြင်းထန်မယ်လို့ မယူဆခြင်းနဲ့ အခြားသောအကြောင်းရင်းများကြောင့် အပြောင်းအလဲများကိုဆောင်ရွက်ခြင်းမရှိတာကို တွေ့ရပါတယ်။
UNT

International Trade News

Pages