ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) တို့အကြား အသေးစားလွတ်လပ်သော ကုန်သွယ်မှုဧရိယာ (Mini FTA) သဘောတူညီချက် လက်မှတ်ရေးထိုး

Tue, 09/26/2023 - 04:02 -- wtodep

ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံ (ယူနန်ပြည်နယ်)တို့အကြား ထောက်ပံ့ပို့ဆောင်ရေးနှင့် နယ်စပ်ဖြတ်ကျော် e-commerce လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အသေးစားလွတ်လပ်သော ကုန်သွယ်မှုဧရိယာ (Mini FTA) သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ပါသည်။

အဆိုပါသဘောတူညီချက်ကြောင့် ထိုင်းနိုင်ငံ၏ လယ်ယာပို့ကုန်များ၊အထူးသဖြင့် သစ်သီးဝလံနှင့် ပြုပြင်ထုတ်လုပ်ထားသော သစ်သီးဝလံများ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရများနှင့် ပုဂ္ဂလိကကဏ္ဍတို့၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းကို ဖော်ပြခဲ့ခြင်းလည်းဖြစ်ပါသည်။

ထိုင်းနိုင်ငံနှင့် နယ်နမိတ်ခြင်းထိစပ်နေသော ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံအနောက်ပိုင်းနှင့် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှများသို့ အဓိကဆက်သွယ်ပေးလျက်ရှိပါသည်။ ထိုင်းနိုင်ငံအတွက် ယခုသဘောတူညီချက်သည် (၈) ခုမြောက် Mini FTA ဖြစ်ပြီး၊ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယားတို့နှင့်လည်း Mini FTA များ သဘောတူညီခဲ့ပါသည်။

ထိုင်းနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂.၃၄ ဘီလီယမ်ဖြင့် ၂၀၂၁ ခုနှစ်ကထက် ၁၇.၉ % တိုးတက်ခဲ့ပြီး ယခု Mini FTA ကြောင့် ကုန်သွယ်မှု ပိုမိုလျင်မြန်ချောမွေ့စေရန်၊ ထိုင်းကုန်စည်များကို နယ်စပ်ဖြတ်ကျော် e-commerce နည်းလမ်းဖြင့် တရုတ်ဈေးကွက်သို့ တိုးမြှင့်တင်ပို့ရန် လမ်းဖောက်ထားခြင်းဖြစ်ပါသည်။

ထို့ပြင် ထိုင်းကုမ္ပဏီ (Udo Thani Industrial City Co) နှင့် ယူနန်ကုမ္ပဏီ (Yunnan Tengjin Logistics Co)တို့သည် တရုတ်-လာအို မြန်နှုန်းမြင့်ရထားလမ်းကို အသုံးပြု၍ ထိုင်းနှင့်တရုတ်နိုင်ငံအကြား ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ရန်လည်း သဘောတူညီခဲ့ကြပါသည်။

Source: https://www.thailand-business-news.com/

International Trade News

Pages