တောင်ကိုရီးယားနိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူဦးရေ တိုးတက်နှုန်းလျင်မြန်လာ

Tue, 03/29/2016 - 07:04 -- admin_ygn

   မတ် ၂၃ ရက်ကထုတ်ပြန်တဲ့ စာရင်းဇယားများအရ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာအသက် ၆၅ နှစ်နဲ့ အထက်ရှိတဲ့   သက်ကြီးရွယ်အို လူဦးရေက ၁၃ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံကအသက် အရွယ်ကြီးရင့်တဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာတော့မယ့် အခြေအနေ ကို  ရောက်ရှိနေကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။ကိုရီးယားစာရင်းရုံးက ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ၂၀၁၅ ခုနှစ် မှာ တောင်ကိုရီးယားရှိ လူဦးရေ သန်း ၅၀ ကျော်အနက်သက်ကြီးရွယ်အို ဦးရေက ၁၃ ဒသမ ၁ ရာခိုင် နှုန်းရှိတဲ့ အတွက် ၂၀၁၄ ခုနှစ်ကရှိခဲ့တဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်းထက်ပိုမိုပြီး ၁၉၈၀ ပြည့်နှစ်ကရှိခဲ့တဲ့ ၃ ဒသမ ၈ ရာခိုင်နှုန်း ထက်အများကြီး ပိုမို ခဲ့ပါတယ်။ ယေဘုယျအားဖြင့်နိုင်ငံတစ် နိုင်ငံမှာအသက် ၆၅ နှစ်နဲ့အထက်ရှိသူဦးရေ ၁၄ ရာခိုင် နှုန်းထက်ကျော်ရင်သက်ကြီးရွယ်အို များတဲ့နိုင်ငံအဖြစ်သတ်မှတ်ပါတယ်။ မွေးဖွားနှုန်း  ကျဆင်းမှုနဲ့အတူ အသက်အရွယ်ကြီးရင့်သူ များပြားတာ ကြောင့်လုပ်သားဦးရေ နည်းပါးပြီးကျန်းမာရေးနဲ့လူမှုဖူလုံရေးအသုံးစရိတ်  မြင့်တက်လာနိုင်တဲ့အတွက်ဒီအခြေအနေမျိုးကတိုင်းပြည်စီးပွားရေးကိုပြင်းထန်တဲ့ခြိမ်းခြောက်မှု ဖြစ်လာနိုင်ပါတယ်။တောင်ကိုရီးယား နိုင်ငံမှာ ၂၀၀၅ ခုနှစ်က အသက်အရွယ်ကြီးရင့်သူဦးရေ က ၉ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၀ နှစ်အတွင်းမှာပင် ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တဲ့အတွက်အလား အလာမကောင်းပါဘူး။ အသက်အရွယ် ကြီးရင့်သူက  ၂၀၃၀ ပြည့်နှစ်မှာ ၂၄ ဒသမ ၃ ရာခိုင်နှုန်း၊ ၂၀၄၀ ပြည့်နှစ်မှာ ၃၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၂၀၆၀ ပြည့် နှစ်မှာ ၄၀ ဒသမ ၁ ရာခိုင်နှုန်းရှိမယ် လို့ အေဂျင်စီကခန့်မှန်းထားပါတယ်။ ၂၀၁၅ ခုနှစ် စစ်တမ်းများအရအလုပ် လုပ်ကိုင်နိုင်တဲ့အရွယ်ရောက်ရှိသူ ၁၀၀ က အသက်အရွယ်ကြီးရင့်သူ ၁၇ ဒသမ ၉ ဦးကို ထောက်ပံ့ပေးနေရပြီး ၂၀၄၀ ပြည့်နှစ်မှာအလုပ်လုပ်ကိုင်နိုင်သူ ၁၀၀ က အသက်အရွယ်ကြီးရင့်သူ ၅၇ ဒသမ ၃ ဦးကို ထောက်ပံ့ ပေးရမယ့် သဘောရှိ ပါတယ်။

International Trade News

Pages