တရုတ် ZTE ကုမ္ပဏီအား တင်ပို့မှု ကန့်သတ်ချက်ကို အမေရိကန်ပြည်ထောင်စုက ယာယီသက်သာခွင့်ပေး

Tue, 03/29/2016 - 05:37 -- admin_ygn

    အီရန်နိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုပြဋ္ဌာန်းချက်များနှင့် ပတ်သက်၍ ဖောက်ဖျက်မှုကြောင့် တရုတ်တယ်လီကွန်ဆက်သွယ်ရေးကိရိယာနဲ့စမတ်ဖုန်းထုတ်လုပ်သူ ZTE ကော်ပိုရေးရှင်းအားပို့ကုန်ကန့်သတ်မှုများကို အမေရိ ကန် ပြည်ထောင်စုကချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့အစိုးရကအဆိုပါကန့်သတ်ချက်များကိုယာယီအားဖြင့် ရုပ်သိမ်းပေးခဲ့ကြောင်း အမေရိကန်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးရဲ့ပြောကြား ချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။မတ်လစောစောပိုင်းကချမှတ်ခဲ့တဲ့အမေရိကန်စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ကန့်သတ်ချက်များကြောင့်အမေရိကန် ကုမ္ပဏီများက ZTE အတွက် အမေ ရိကန်မှ ထုတ်လုပ်တဲ့စက်ကိရိယာနဲ့ စက်အစိတ်အပိုင်းတင်ပို့ရာမှာပို့ကုန်လိုင်စင်ရရှိဖို့ အခက်အခဲရှိခဲ့ပါတယ်။လိုင်စင်လျှောက်ထားမှုတွေကို ဝန်ကြီးဌာနကယေဘုယျအားဖြင့် ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် ZTE က မတ်  ဒုတိယ ပတ်အတွင်းမှာဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အေဂျင်စီမှအဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။''ယခုလိုကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်လည်းကောင်း ZTE က အမေရိကန်အစိုးရကိုပေးခဲ့တဲ့ ကတိကဝတ်များအရလည်းကောင်းလိုင်စင်လျှောက်ထားရာမှာလိုအပ်တဲ့တချို့အချက်တွေကို ယာယီအားဖြင့် သက်သာခွင့်ပေးခဲ့ပါတယ်။အမေရိကန် အစိုးရကိုပေးထားတဲ့ကတိကဝတ် တွေကိုZTE  က လိုက်နာစောင့်ထိန်းမှ သာဆက်လက်ပေးသွားမှာဖြစ်ပါတယ်''လို့ သူကပြောပါတယ်။အမေရိကန်နိုင်ငံက ချမှတ်ထားတဲ့အပြည်ပြည်ဆိုင်ရာစံနှုန်းများကိုလိုက်နာသွားမှာဖြစ်ကြောင်းနဲ့ ပြဿနာကိုအမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်း များနဲ့ ဆက်လက်ပြီးဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ZTE ကပြောပါတယ်။

International Trade News

Pages