တရုတ်နိုင်ငံ၌အစားအစာဘေးကင်း လုံခြုံမှုအတွက် စစ်ဆေးရာတွင် လုံလောက်မှုမရှိဟုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး အဖွဲ့ ပြောကြား

Wed, 03/30/2016 - 08:26 -- admin_ygn

တရုတ်တွင် စိုက်ပျိုးရေးလုပ်ငန်း သုံးဓာတုပိုးသတ်ဆေးနှင့်တိရစ္ဆာန်များ ၌ ကာကွယ်ဆေးများ အလွန်အကျွံသုံး စွဲသည့်အတွက် အစားအစာများနှင့် သောက်သုံးရေ၌ အဆိုပါဓာတု အ<ကင်းအကျန်များကို တွေ့ရှိရပြီး ဓာတုဆေးဝါးအန္တရာယ်မှာ တရုတ် နိုင်ငံ၌ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာ ကြောင်း၊ သို့ဖြစ်ရာ အစားအစာဘေး ကင်းရေး ကြီးကြပ်ရာ၌ ထိရောက်သည့် စီမံခန့်ခွဲမှုပြုလုပ်နိုင်ရန် လက်ရှိဝန်ထမ်း များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး ရန် လိုအပ်လာကြောင်းState Council Information Office  ၌ ကျင်းပသည့် ကွန်ဖရင့်၌ အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေးအဖွဲ့၏ အကြီးအကဲဖြစ်သူMr.Bi Jingquan က ထုတ်ဖော်ပြော ကြားခဲ့ပါသည်။
အစားအစာဘေးကင်းမှုစစ် ဆေးသည့် ဝန်ထမ်းအများစုမှာ အချိန် မီထိရောက်စွာ စစ်ဆေးဆုံးဖြတ်နိုင်ရန် ဗဟုသုတနှင့်နည်းပညာပစ္စည်းများစွာ အားနည်းနေသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်ရာ အသိပညာပေးလုပ်ငန်းကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ ယခုစစ်ဆေး တွေ့ရှိရသည်မှာ စားသောက်ကုန် အမျိုးအစားပေါင်း ၄၀ç၀၀၀ ကျော်မှာ သီးနှံပိုးသတ်ဆေးနှင့်တိရစ္ဆာန် ကာကွယ်ဆေးအများအပြားသုံးစွဲထား သည့်အတွက် စားသောက်ရန်မသင့် သည့် အနေအထားကို တွေ့ရပြီး ကုန် ပစ္စည်း ၂၅၅ မျိုးမှာလည်း သတ်မှတ် ထားသည့် အစားအစာဘေးကင်းရေး စံချိန်စံညွှန်းများကို ချိုးဖောက်ထား သည်ကိုတွေ့ရကြောင်း၊ အဆိုပါ ဓာတု အကြွင်းအကျန်များမှာ သာမန်မျက်စိ ဖြင့် မမြင်တွေ့နိုင်သည့်အပြင် အပူချိန် များများဖြင့်ချက်ပြုတ်သော်လည်း ဆက်လက် အသက်ရှင်ကျန်ရှိနေနိုင် ကြောင်း ဖော်ပြထားပါသည်။
ဆက်လက်ပြီး တရုတ်၌ အသားစားသုံးမှုမြင့်တက်လာသည့်အတွက် အစားအစာဘေးကင်းမှု အတွက်သေ ချာစွာ ကိုင်တွယ်ဖြေရှင်းရန်လိုအပ် လာကြောင်း၊ အထူးသဖြင့်ပိုးမွှား ကာကွယ်ဆေး အများအပြားသုံးစွဲ ထားသည့် အစားအစာကိုစားသုံးသည့် လူများ၏ ခန္ဓာကိုယ်၌ ပုံမှန်မဟုတ်သည့်  ပဋိဇီဝခုခံတွန်းလှန်မှု မြင့်တက်လာ သည့်အတွက် အစားအစာကြောင့် ဖြစ်သောရောဂါများ ဖြစ်ပွားနိုင် ကြောင်း ပြောကြားထားပါသည်။
အဆိုပါပြဿနာကိုဖြေရှင်းရန် ကနဦးဇာစ်မြစ်အကြောင်းအရင်းကို ရှာဖွေသည့်  tracing system မှာ အထိ ရောက်ဆုံးဖြစ်မည်ဟု ယူဆကြောင်း၊ ယခုအခြေအနေ၌ ထုတ်လုပ်သူများမှ အစားအသောက်တွင် သုံးစွဲမည့် ကာ ကွယ်ဆေး အမျိုးအစားကိုခွင့်ပြုချက် ရရှိရန် လျှောက်ထားသည့်ဆေးဝါး  မှတ်ပုံတင်နှင့်အတည်ပြုလုပ်ငန်းစဉ် မှာ အချိန်အလွန်ကြာမြင့်ကြောင်း၊ တရုတ်၌လက်ရှိ အစားအစာကြီးကြပ် ကွပ်ကဲရေးဝန်ထမ်း အရေအတွက်မှာ  ၁၃၀  ခန့်သာရှိပြီး အမေရိကန် ပြည် ထောင်စုတွင် ဝန်ထမ်းအင်အား ၅၀၀၀ ကျော်ရှိသည့်အတွက် တရုတ်နိုင်ငံ ဆေးဝါးအကဲဖြတ် သုံးသပ်ကွပ်ကဲရေး ဗဟိုဌာန၏ စွမ်းဆောင်ရည်ကို မြှင့်တင် ရန် လိုအပ်နေကြောင်း သုံးသပ်ဖော်ပြ ထားပါသည်။

သန္တာခိုင်၊ စီးပွားရေးသံမှူး   မြန်မာသံရုံး၊ ပေကျင်းမြို့

International Trade News

Pages