ဆေးပစ္စည်း ကိရိယာများအပေါ် သွင်းကုန်ခွန် တိုးမြှင့်ရန် အိန္ဒိယအစိုးရ စဉ်းစားဖွယ်ရှိ

Fri, 02/16/2018 - 04:53 -- admin_ygn

   အိန္ဒိယအစိုးရသည်  ပြည်တွင်းထုတ်လုပ်မှုကို အားပေးမြှင့်တင်ရန်အတွက် လာမည့်  ဘဏ္ဍာနှစ်တွင် ဆေးဘက်ဆိုင်ရာ  ပစ္စည်းကိရိယာအချို့အပေါ် သွင်း ကုန်ခွန်များတိုးမြှင့်ရန် စဉ်းစားနိုင်ဖွယ်ရှိကြောင်း၊ ယင်း လုပ်ဆောင် ချက် သည်  အစိုးရ၏" Made in India "  အစီ အစဉ်ကိုလည်း  အထောက်အကူဖြစ်စေနိုင်သည်ဟု သတင်းအရင်းအမြစ်များက ပြောကြားထားကြောင်း သိရှိရသည်။သို့ဖြစ်၍ လာမည့်နှစ်တွင် ဆေးပစ္စည်းကိရိယာ များတင် သွင်း မှု အပေါ် သွင်းကုန်ခွန်  ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်ပေးရန်Association of Indian  Medical Device Industry (AiMeD)     အပါအဝင် အိန္ဒိယ ပြည်တွင်းလုပ်ငန်းရှင်များက အစိုးရထံတောင်း ဆို ထားကြောင်း၊ လက်ရှိသွင်းကုန်ခွန် နှုန်းထားမှာ သုည ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်း အတွင်းတွင်သာရှိ နေကြောင်း၊  လက်ရှိအစိုးရလက်ထက်တွင် " Made in India "  အစီအစဉ်ကို စတင်ခဲ့သည်မှာ သုံးနှစ်ခန့်ကြာမြင့် ပြီဖြစ်သော်လည်း ဆေးပစ္စည်းကိရိယာ ထုတ်လုပ်သည့် လုပ်ငန်းမှာ လေးကန်နေသေးကြောင်း၊ သို့ဖြစ်၍ ဆေး ဘက်ဆိုင်ရာ လျှပ်စစ်ပစ္စည်းများနှင့် ဆေးပစ္စည်းကိရိယာ များအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် ပြည်တွင်းလုပ် ငန်းရှင်များက လိုလားနေကြကြောင်း သိရှိရသည်။အိန္ဒိယနိုင်ငံသည် ဆေးဝါးကဏ္ဍတွင် ကမ္ဘာ့ အဆင့်အနေအထားတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သော် လည်း ဆေးပစ္စည်းလုပ်ငန်းမှာမူ ထပ်တူလိုက်နိုင်သည့် အနေအထားမျိုးကို  မရောက်ရှိသေးကြောင်း၊ ဆေး ပစ္စည်းကိရိယာ   ထုတ်လုပ်မှုကို  အားပေးမြှင့်တင်ရန် အတွက်   တိုက်ရိုက်လမ်းကြောင်းအောက်တွင်  ၁၀၀ ရာခိုင်နှုန်းFDI  ကို လက်ရှိခွင့်ပြုထားကြောင်း သိရှိရ သည်။
  ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages