စားသုံးသူသုံးစွဲမှုနဲ့ ကုန်သွယ်မှုကျဆင်းမှုကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ပထမသုံးလပတ် စီးပွားရေးဖွံ့ ဖြိုးမှုကို ထိခိုက်

Thu, 05/05/2016 - 08:46 -- admin_ygn

    ပြည်တွင်းဝယ်လိုအားအေးလာ ခြင်းနဲ့ ဒေါ်လာတန်ဖိုးခိုင်မာမှုက ပို့ကုန်ကို ဆက်လက်ကျဆင်းစေတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကပထမသုံးလပတ်မှာ တုံ့ ဆိုင်းနေမယ့်အလားအလာရှိနေပါ တယ်။ ဒါပေမယ့်အလုပ်သမားဈေးကွက်မြင့်မားမှုကြောင့်စီးပွားရေးလုပ် ငန်းတွေပြန်လည်မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း ရိုက်တာသတင်း မှာ ဖော်ပြပါတယ်။  ရိုက်တာသတင်း ဌာနကကောက်ယူထားတဲ့စစ်တမ်းအရ စုစုပေါင်းပြည်တွင်းထုတ်ကုန်(ဂျီဒီပီ) ရဲ့ နှစ်စဉ်အလိုက် တိုးတက်နှုန်းက ၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်မှာ ၁ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုသုံးလပတ်မှာ  သုည ဒသမ ၇ ရာခိုင်နှုန်းသာမြင့်တက်ခဲ့ပါတယ်။ရေနံဈေးနှုန်း    ကျဆင်းမှုကရှလမ်ဘာဂါနဲ့ဟေလီဘတ်တန်တို့လို ရေနံကုမ္ပဏီကြီးများရဲ့အကျိုးအမြတ်ကိုထိခိုက်စေတဲ့အတွက်စီးပွားရေးဖွံ့ဖြိုးမှုကိုထိခိုက်စေတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေရဲ့အသုံးစရိတ်ကို အားနည်းကျဆင်းစေပါတယ်။'' စီးပွားရေးဒုက္ခရောက်နေ တယ်ဆိုတဲ့သဘောမျိုးကျွန်တော် မယူဆပါဘူး။ပထမသုံးလပတ်မှာ အလုပ်အကိုင်ရရှိမှုက ထူးထူး ခြားခြား တိုးတက်နေပါတယ်။     ယခင်လကပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရဒုတိယ သုံးလပတ်မှာ လည်း စီးပွားရေး ပိုမိုတိုးတက်ခိုင်မာလာလိမ့်မယ်လို့ ခန့်မှန်း ထားပါတယ်''လို့  တိုရန်တိုမြို့ရှိ Capital Economics မှအမေရိကန် စီးပွားရေး ပညာရှင်ပေါလ်အက်ရှဝပ် ကပြောပါတယ်။ဧပြီ ၂၇ ရက်ကကျင်းပတဲ့မူဝါဒ အစည်းအဝေး နောက်ပိုင်း အမေရိကန် ဗဟိုဘဏ်ကအမေရိကန်စီးပွားရေး လုပ်ငန်းတွေနှေးကွေးနေတာကို အသိအမှတ်ပြုခဲ့ပြီး အလုပ်သမားဈေးကွက် အခြေအနေကတိုးတက်မှုရှိတယ်လို့ သုံးသပ်ပါတယ်။

International Trade News

Pages