ကိုရီးယား SMEs များ၏ဝန်ထမ်းများလုပ်ခမှာ ကုမ္ပဏီကြီးများဝန်ထမ်းလုပ်ခ၏ ၆၀ ရာခိုင်နှုန်းသာရှိ

Mon, 01/12/2015 - 14:37 -- admin_ygn

   ကိုရီးယားသေး၊လတ်စီးပွားရေးလုပ်ငန်းများတွင် လခစားဝန်ထမ်းများ၏ လုပ်ခ၊ လစာသည် ကုမ္ပဏီကြီးများရှိ ဝန်ထမ်းများရရှိသော လုပ်ခ၊လစာ၏ ၆၀ ရာခိုင်နှုန်းသာရှိ သည်ဟု Korea CXO Research Institute က ကုမ္ပဏီ ၁,၅၀၀ အားပြုလုပ်ခဲ့သော စစ်တမ်းတွင် ဖော်ပြခဲ့သည်။ နှစ်စဉ် အရောင်းစံချိန် ဝမ် ၁ ထရီလီယံ ( US 1 ဒေါ်လာ = ၁,၁၀၂၀မ်) ရှိသော ကုမ္ပဏီကြီးများက ဝန်ထမ်းများအား ပေးရသောပျှမ်းမျှ လစာငွေသည် တစ်နှစ်လျှင် ဝမ် ၆၁ ဒသမ ၂၁ မီလီယံ ဖြစ်ပြီး၊ နှစ်စဉ်အရောင်းစံချိန် ဝမ် ၁၀၀ ဘီလီယံထက်နည်းသော သေး၊လတ် စီးပွားရေးလုပ်ငန်းများရှိဝန်ထမ်း များအားပေးရ သော လစာငွေသည်တစ်နှစ်လျှင် ပျမ်းမျှ ဝမ် ၃၇ ဒသမ ၅၉ မီလီယံသာ ရှိသည် ကိုတွေ့ရှိရသည်။
   သေး၊လတ် စီးပွားရေးလုပ်ငန်း များ စုစုပေါင်း၏ သုံးပုံ တစ်ပုံရှိ လခစားဝန်ထမ်းများသည် တစ်နှစ်လျှင် ဝမ်သန်း၃၀ ခန့်သာ ရရှိကြသည်။ ငွေရေးကြေးရေး ကုမ္ပဏီများရှိ ဝန်ထမ်းများသည် ပျမ်းမျှ လစာငွေ တစ်နှစ်လျှင် ဝမ် ၆၃ ဒသမ ၂၄ သန်း၊ ဆောက်လုပ်ရေးလုပ်ငန်းကြီး များရှိ ဝန်ထမ်းများသည် တစ်နှစ်လျှင် ဝမ် ၅၂ ဒသမ ၀၆ သန်း၊ ဓာတု ပစ္စည်း စက်ရုံများရှိဝန်ထမ်းများသည် တစ်နှစ်လျှင် ဝမ် ၄၈ ဒသမ ၀၉သန်းနှင့် မော်တော်ကားလုပ်ငန်းများမှ ဝန်ထမ်းများသည် တစ်နှစ်လျှင် ဝမ် ၄၈ ဒသမ ၀၁ သန်းခန့် အသီး သီးရရှိကြသည်။ စား သောက်ကုန်ထုတ်လုပ်ရေးကဏ္ဍရှိ ဝန်ထမ်းများသည် အနည်းဆုံးဖြစ်သော လစာတစ်နှစ်လျှင် ဝမ် ၃၈ ဒသမ ၆၈ သန်းခန့်သာရရှိကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့။

 

International Trade News

Pages