ကမ္ဘာ့အရှည်ဆုံး လေသင်္ဘောကို ဗြိတိန်မှာ ပွဲဦးထွက်ခရီးစဉ် ပျံသန်းဖို့ အသင့်ဖြစ်

Thu, 03/31/2016 - 06:59 -- admin_ygn

နှစ်ထပ်ကား     ခြောက်စီးစာ အရှည်ရှိတဲ့   ကမ္ဘာ့အရှည်ဆုံးလေ သင်္ဘောကို ယခုနှစ်နွေဦးရာသီမှာ ပွဲဦး ထွက်ခရီးစဉ်အဖြစ်   စတင်ပျံသန်းဖို့ အသင့်ရှိနေပြီဖြစ်ကြောင်း   ဗြိတိသျှလေယာဉ်ထုတ်လုပ်ရေး   ကုမ္ပဏီကြီးHybrid Air Vehicles က မတ် ၂၁ ရက် က ပြောပါတယ်။    အရှည် ၉၂ မီတာ ရှိတဲ့AirLander 10  လေသင်္ဘောကို အင်္ဂလန်နိုင်ငံ    ကာဒင်တန်မှာရှိတဲ့ အခမ်းအနားတစ်ခုမှာ  ကောင်းကင်ပြင်မှာ လွှတ်တင်ထားခဲ့ကြောင်း နဲ့ လေ သင်္ဘော ကိုတည်ဆောက်သူများအဆိုအရ လေသင်္ဘောကိုကောင်းကင်မှာသီတင်းနှစ်ပတ်ကြာထားလို့ရကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ဟီလီယံဓာတ်ငွေ့ သုံး    Air Lander 10က ကုန်စည်သယ်ယူပို့ဆောင် ဖို့၊ ကယ်ဆယ်ရေးပစ္စည်းတွေဖြန့်ဖြူးဖို့၊ ထောက်လှမ်းရေးလုပ်ငန်းတွေ ဆောင် ရွက်ဖို့၊   ဆက်သွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ အပန်းဖြေခရီးအဖြစ် ဆောင်ရွက်ဖို့အတွက်    ဖောက်သည် တွေကို    ဆွဲဆောင်နိုင်လိမ့်မ ယ်လို့Hybrid Air Vehicles  ကုမ္ပဏီကရည်မှန်းထားပါတယ်။ လေသင်္ဘောမှာ ခရီးသည် ၄၈ ဦး လိုက်ပါနိုင်ပါမယ်။Air Lander    က ထောင်လိုက် အတက်အဆင်းလုပ်နိုင်လို့  ပြေးလမ်း မလိုတဲ့သဘောရှိပါတယ်။  လယ်ကွင်း လွတ်တွေ၊ သဲကန္တာရတွေ၊ ရေခဲပြင်သို့ မဟုတ်ရေပြင်တွေကနေမောင်းနှင်နိုင် တဲ့အတွက်     လူသားချင်းစာနာမှု ထောက်ပံ့ရေးတာဝန်တွေ၊   ကမ်းခြေ စောင့်ကြပ်ရေးတာဝန်တွေကို    ထမ်း ဆောင်နိုင်မယ့်သဘောရှိပါတယ်။ ၁၉ ရာစု နှစ်မှာလေယာဉ်တွေရဲ့ ယှဉ်ပြိုင်မှု နဲ့ ၁၉၃၇ ခုနှစ်မှာ ြ ဖစ်ပွားခဲ့တဲ့ ဟင်ဒင်း ဘတ် လေသင်္ဘောဘေးအန္တရာယ်  ကျ ရောက်မှုမျိုးတွေကြောင့် လေသင်္ဘော သုံးစွဲမှုရပ်ဆိုင်းခဲ့ပေမယ့်လေသင်္ဘော တွေက ၁၉  ရာစုကတည်းက သမိုင်း ကြောင်းရှိခဲ့တဲ့  လေယာဉ်တွေ ဖြစ်ပါ တယ်။ လေယာဉ်ကိုပွဲဦးထွက် ခရီးစဉ် မစမီမြေပြင်စမ်းသပ်မှုတွေကို ဆောင် ရွက်ဦးမှာဖြစ်ပါတယ်။

International Trade News

Pages