ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က နောက်ထပ်ဆောင်ရွက်မည့် အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဆင့်များကို ညှိနှိုင်းဆွေးနွေးမှူးအသစ်မှ အသေးစိတ်ရှင်းလင်းတင်ပြ

Wed, 05/29/2024 - 03:40 -- wtodep

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းမှုများအပြီး ညှိနှိုင်းရေးမှူးအသစ် မောရစ်သျှ အမြဲတမ်းကိုယ်စားလှယ် Usha Dwarka-Canababy က ယခုနှစ် နှစ်ကုန်ပိုင်းတွင် အငြင်းပွားမှု ဖြေရှင်းရေးစနစ် ကောင်းမွန်စွာလည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မေလ၁၄ ရက်နေ့က ပြုလုပ်သည့်အစည်းအဝေး၌ အဖွဲ့ရုံးအကြီးအကဲများထံ တင်ပြခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် Angela Ellard တို့က ပုံမှန်ဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် သံအမတ်ကြီး Dwarka-Canabady ၏ ဦးဆောင်မှုအပေါ် ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

ဆွေးနွေးချက်များအရ ညှိနှိုင်းမှုလုပ်ငန်းစဉ်ကို (၁) အဖွဲ့ရုံးအကြီးအကဲများအဆင့် လစဉ်အစည်း   အဝေးပုံစံနှင့် (၂) ဘာသာရပ်ဆိုင်ရာလုပ်ငန်းများအတွက် ကျွမ်းကျင်သူများနှင့် အစည်းအဝေး ဟူ၍ ပုံစံနှစ်မျိုးဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မေလ ၃၀ ရက်နေ့တွင် ကျင်းပမည့် ပထမအကြိမ် အဖွဲ့ရုံးအကြီးအကဲများအဆင့်အစည်းအဝးတွင် အယူခံဝင်ခြင်းနှင့် ပြန်လည်သုံးသပ် ခြင်းကိစ္စများကို ဆွေးနွေးမည်ဖြစ်ကာ ဌာနချုပ်မှ တာဝန်ရှိသူများလည်း အဝေးရောက်နည်းလမ်း ဖြင့် အစည်းအဝေးတက်‌ရောက်နိုင်ကြောင်း၊ စာသားများပြုစုခြင်းအပါအဝင် ဘာသာရပ်ဆိုင်ရာ လုပ်ငန်းများအတွက် ဘာသာရပ်ကျွမ်းကျင်သူများနှင့် အစည်းအဝေးများ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ဘာသာရပ်ဆိုင်ရာအစည်းအဝေးများထဲမှ အနည်းဆုံးတစ်ခုကို ဌာနချုပ်မှ တာဝန်ရှိသူ များ အဝေးရောက်နည်းလမ်းဖြင့် တက်ရောက်နိုင်ကြောင်း၊ ဘာသာရပ်အလိုက် ပူးတွဲညှိနှိုင်းရေးမှူး များအဖြစ်ဆောင်ရွက်ရန် ကိုယ်စားလှယ်အမည်စာရင်းများ ပေးပို့နိုင်ကြောင်း၊ ညှိနှိုင်းမှုများကို ၂၀၂၄ ခုနှစ် နောက်ဆုံးထားအပြီးသတ်ရန်နှင့် ဖြစ်နိုင်ပါက ပို၍ဆောလျင်စွာ အပြီးသတ်ရန် အဖွဲ့ဝင်နိုင်ငံများက လိုလားပါကြောင်း ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala က “အဖွဲ့ဝင်နိုင်ငံတိုင်း တန်ဖိုး ထားသည့် ရလဒ်ထွက်ပေါ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး နားထောင်ကာ ပိုကောင်းသည့်ကိစ္စအတွက် စဉ်းစားရန် လိုပါကြောင်း၊ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း” ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Ellardက ညှိနှိုင်းဆွေးနွေးမှုများ၏ လက်ရှိ အချိန်အထိ အောင်မြင်မှုများကို အလေးပေးဖော်ပြခဲ့ပြီး အတွင်းရေးမှူးအဖွဲ့မှ ထောက်ပံ့ကူညီသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: https://www.wto.org

WTO ဌာနခွဲ၊

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages