မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 02/27/2024 - 03:38 -- mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေး အတွက် ကုန်ပစ္စည်းစစ်ဆေးမှုများကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

   အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ၂၃-၂-၂၀၂၄ ရက်နေ့တွင် မြေပဲဆံ(အခွံပါ)  ၅၀.၀၀ တန်၊ ကြက်သွန်နီ ၆၆၆.၄၈ တန်၊ ငရုတ်သီး(အခြောက်)  ၈၈.၀၅၆ တန်၊ ငရုတ်သီး(အစို) ၂၇.၀၂၅ တန်၊ နနွင်းတက် ၁၀.၀၀ တန်၊ ပီလောပီနံ (အခြောက်) ၂၉၅.၀၀ တန်နှင့် ဖိနပ် ၁၈၉၀.၀၀ တန်တို့ ဖြစ်ပါသည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်း၊ သံနှင့်သံမဏိ ပစ္စည်းများ၊ သွပ်ပြားပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အခြားစက္ကူများ၊ လေအေးပေးစက်၊ စားသောက်ကုန်ပစ္စည်း၊  တာယာနှင့်ကျွတ်များနှင့် စက်မှု ကုန်ကြမ်းတို့ဖြစ်ပါသည်။

DOT (မြဝတီ)

Border Trade News

Pages