တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကုန်ကုန်သွယ်မှုအခြေအနေ

Wed, 07/17/2024 - 08:35 -- bordertrade

    တာချီလိတ်ကုန်သွယ်ရေးစခန်းမှယခုသီတင်းပတ်(၆-၇-၂၀၂၄ မှ ၁၂-၇-၂၀၂၄) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်ပြောင်း (၁၄,၆၆၃.၁၉၅) တန်၊ တန်ဖိုး (၃.၆၆၆) ဒေါ်လာသန်း၊ လိမ္မော်သီး (၆၆) တန်၊ (၀.၀၀၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁,၃၉၂.၀၈၀) တန်၊ တန်ဖိုး (၀.၆၆၆) ဒေါ်လာ သန်း၊ကြက်သွန်ဖြူ(၂၇၆.၀၀၀)တန်၊တန်ဖိုး (၀.၅၈၃) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၈၇.၀၀၀) တန်၊ တန်ဖိုး (၀.၁၇၉) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၂၀၁.၆၀၀)တန်၊ တန်ဖိုး (၀.၀၉၇) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၄၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း နှင့် ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀) တန် ၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၅.၂၃၉) ဒေါ်လာသန်း တင်ပို့နိုင် ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၇၁၄.၀၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

    တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုသီတင်းပတ်(၆-၇-၂၀၂၄ မှ ၁၂-၇-၂၀၂၄) တွင် ဓာတ်ဆီ (၂၀၉၃) BBL၊ တန်ဖိုး (၀.၂၁၄) ဒေါ်လာသန်း၊ ဒီဇယ် (၁၅၇၂) BBL ၊ တန်ဖိုး (၀.၁၇၀) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၆၈) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၄၈၆) ဒေါ်လာသန်း၊ လယ်ထွန်စက်များ (၀.၀၀၄) ဒေါ်လာသန်း၊  တွင်းထွက် (သတ္တုမှ အပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၅၇) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၉၅) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၀၆) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၀၆၇) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၁၁၇) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၇၇) ဒေါ်လာသန်း၊ ​ မီးဖိုချောင်သုံးပစ္စည်း များ (၀.၀၁၃) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၀၆) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၆၈၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages