ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Wed, 07/17/2024 - 08:29 -- bordertrade

        ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇူလိုင်လ ကုန်သွယ်မှုလျာထားချက် မှာ ပို့ကုန်(၄.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၀၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း(၅.၀၀၀)ဒေါ်လာသန်း ဖြစ်ပြီး ဇူလိုင်လ(၁၃)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၆၅၉)ဒေါ်လာသန်း၊ သွင်းကုန်(၁.၅၄၁) ဒေါ်လာသန်း၊ စုစုပေါင်း(၂.၂၀၀) ဒေါ်လာသန်း ဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၄.၀၀၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

            ဇူလိုင်လ(၁၃)ရက်နေ့ထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာနှင့် ပဲမျိုးစုံတို့ ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

            ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်(၉)ရက်မှ (၁၃)ရက်နေ့အထိ အဓိကပို့ကုန် တစ်သျှူးငှက်ပျောကို ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာနှုန်းဖြင့် တန်ချိန် (1၂၅) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်းနှင့် ပဲမျိုးစုံ တန်ချိန် (၄၆၄) တန်၊ တန်ဖိုး (၀.၃၇၆) ဒေါ်လာသန်း တို့ တင်ပို့နိုင်ခဲ့ပါသည်။

            အဆိုပါကာလအတွင်း သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ ခဲစက္ကူ ၊ လိမ္မော်သီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း တန်ချိန် (၄၃.၀၀)တန်၊ တန်ဖိုး (၀.၀၅၆)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၁၄၃.၆၅) တန်၊ တန်ဖိုး(၁.၄၃၇) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၃၆) တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာ သန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့ပါသည်။          

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်း များမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပြီး OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများ ဖြင့် ကုန်ပစ္စည်းစစ်ဆေးမှုများကို ဆောင်ရွက်ကာ ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

Border Trade News

Pages