မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 07/17/2024 - 08:41 -- bordertrade

         မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇူလိုင် (၉ )ရက်နေ့မှ ဇူလိုင်( ၁၃)ရက်နေ့အတွင်း ပို့ကုန် ငါးကြိတ်သား (၁)တန်လျှင် (၁၈၂၄)ဒေါ်လာနှုန်းဖြင့် (၂၂.၅)တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်း၊ ရော်ဘာ (၁) တန်လျှင် (၁၄၂၃) ဒေါ်လာနှုန်းဖြင့် (၁၄၉၁.၈၄ ) တန်၊ တန်ဖိုး (၂.၁၂၁) ဒေါ်လာသန်း၊  ကြက်သွန်နီ (၁) တန်လျှင် (၄၆၇) ဒေါ်လာနှုန်းဖြင့် (၄၃၂.၄၂ ) တန်၊ တန်ဖိုး (၀.၂၀၂) ဒေါ်လာသန်း၊ ပြောင်း (၁) တန် လျှင် (၂၄၂) ဒေါ်လာနှုန်းဖြင့် (၂၄၇၃.၈၀ ) တန်၊ တန်ဖိုး (၀.၆၀၀) ဒေါ်လာသန်းအား ကား လမ်းကြောင်း ဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှု လမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်းသိရှိရပါသည်။

        မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဇူလိုင် (၉)ရက်နေ့မှ ( ၁၃ )ရက်နေ့အတွင်းသွင်းကုန် ဒီဇယ် (၁)တန်လျှင် (၈၂၁)ဒေါ်လာနှုန်းဖြင့် (၂၁၀၀)တန် ၊ တန်ဖိုး (၁.၇၂၅)ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန် လျှင် (၉၂၃)ဒေါ်လာနှုန်းဖြင့် (၈၀၀)တန်၊ တန်ဖိုး(၀.၇၃၉)ဒေါ်လာသန်း၊  ရင်းနှီးမြှုပ်နှံမှုပစ္စည်း  (၁၀၀၀)M2 ၊ (၁၄၃) တန်၊ တန်ဖိုး(၀.၁၁၂)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၃၆)တန်၊ တန်ဖိုး (၀.၀၂) ဒေါ်လာသန်း စုစုပေါင်း သွင်းကုန်တန်ဖိုး (၂.၅၉၆) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ (၁)လီတာ (၃၁၀၀)ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၂၇.၂) ကျပ်ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရ ပါသည်။

Border Trade News

Pages