တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 03/14/2023 - 08:04 -- mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန်တင်ပို့နိုင်မှုမှာ ယခင်အပတ်ထက် လိမ္မော်သီး (၃၉.၆) တန်၊ သစ်ခေါက် (၁၅.၈) တန်၊ ကြေးနီ (၃၃၆) တန်၊ ပလပ်စတစ်ဘူးခွံဟောင်း (၃၀) တန် ပိုမိုတင်ပို့နိုင်ခဲ့သည့်အပြင် ကတ္တူစက္ကူအဟောင်း (၃၀) တန်၊ တံမြက်စည်း (၂၂) တန်၊ ပုစွန်ဖွဲ (၁၅၂) တန် ကိုလည်း တင်ပို့နိုင်ခဲ့သည်။ ပြောင်းတင်ပို့နိုင်မှုမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့ထိ (၄၈၀၆.၉၂)တန် တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်အနေဖြင့်  ဘိလပ်မြေ၊ စက်နှင့် စက်ပစ္စည်းများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံနှင့် သံမဏိပစ္စည်းများ၊ လုပ်ငန်းသုံးသီးနှံဆီများ၊ သုတ်ဆေး၊ ပေါလစ် များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အခြားပစ္စည်းများ၊ တာယာနှင့်ကျွတ်များ၊ ဆပ်ပြာ၊ မီးဖို ချောင်သုံးပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ ပိုမိုတင်သွင်းနိုင်ခဲ့သည်။

   ကုန်သွယ်မှုမှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကုန်သွယ်မှုနှင့် ဆက်စပ်ဌာန များ၊ ကုန်သည်လုပ်ငန်းရှင်များ ပေါင်းစပ်ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်တွင် ငွေလဲနှုန်းအနေဖြင့် မြန်မာငွေကျပ် (၁) သိန်းလျှင်ဘတ် (၁၂၀၀)၊ (၁) ဘတ်လျှင် (၈၃) ကျပ်ဖြစ် ပေါ်နေကြောင်း သတင်းရရှိသည်။

Border Trade News

Pages