မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 07/05/2024 - 04:26 -- bordertrade

            မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်လ (၂)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၃၆၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၆၇၀)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၁၀၃၇)သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ မှ ဇွန်လ(၃၀)ရက်နေ့ မှ ဇူလိုင်လ (၂) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့်  ငရုတ်သီး (၁၂၄.၇၉၂) တန်၊ တန်ဖိုး (၀.၀၉၅၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၄၃.၂) တန်၊ တန်ဖိုး (၀.၀၉၁၀) ဒေါ်လာသန်း၊ မြေပဲဆံ (၆၈) တန်၊ တန်ဖိုး (၀.၀၈၅၀) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၆၂.၃၈၀) တန်၊ တန်ဖိုး (၀.၀၈၅၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သွပ်ပြား (၅၀) တန်၊ တန်ဖိုး (၀.၀၃၁၁) ဒေါ်လာသန်း ၊ ကျောက်မှုန့် (၂၂၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇၄) ဒေါ်လာသန်း ၊ ကြွေပြား (၂၁၈၇) M2 ၊ တန်ဖိုး (၀.၀၀၅၁) ဒေါ်လာသန်း၊ ဖိနပ် (၂၁၆၀၀) ရံ၊ တန်ဖိုး (၀.၀၀၂၅) ဒေါ်လာသန်း၊ ကျောက်ပြား (၃၇.၅) တန်၊ တန်ဖိုး (၀.၀၀၇၁) ဒေါ်လာသန်း၊   ELECTRIC PAN (၉၅၀) U ၊ တန်ဖိုး (၀.၀၀၃၈) ဒေါ်လာသန်း၊ တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၉၈၅.၂၅၀) ဒေါ်လာနှုန်း၊ ပုစွန် (၉၈၈၀.၂၁၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၄၁၀.၇၃၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၅.၂၄၃) ဒေါ်လာနှုန်း၊  ငရုတ်သီး (၇၆၂)ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၇၄.၁၈) ဒေါ်လာနှုန်း၊  မြေပဲဆံ (၁၂၅၀) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သွပ်ပြား (၆၂၂) ဒေါ်လာနှုန်း၊ ကျောက်မှုန့် (၇၉) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၈၉.၃၃) ဒေါ်လာနှုန်း၊ ELECTRIC PAN (၄) ဒေါ်လာနှုန်း၊   ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Border Trade News

Pages