တရုတ်နိုင်ငံသို့ ပျားရည် ပုံမှန်တင်ပို့

Wed, 01/03/2018 - 09:32 -- admin_ygn

ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၂၀၀၀ တန်ဖိုးရှိ ပျားရည်တန် ၆၀ ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် ကလည်း တန် ၆၀ တင်ပို့ခဲ့တာကြောင့် တရုတ်နိုင်ငံသို့ ပျားရည်ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ပျားအုံတစ်အုံတွင် လုပ်သားပျား အကောင်ရေ ၃၀၀၀၀ ဝန်းကျင်ရှိပြီး ပျားဘုရင်မတစ်ကောင်စီရှိကာ အနီးရှိ စိုက်ပျိုး ရေးခြံများမှ ပန်းများရှိဝတ်ရည်များကို စုပ်ကြကြောင်း၊ ပျားအုံတစ်အုံလျှင် ထိန်းသိမ်းခကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၆၀ ရှိကြောင်း၊ ပျားမွေးတောင်သူများကို ၂၀၁၃ ခုနှစ်ကတည်းက သင်တန်းများ ပို့ချပေးနေပြီး မြန်မာနိုင်ငံပျားမွေးမြူရေးဈေး ကွက် အစအဆုံးကို ွှဗွ အင်ဂျီအိုအဖွဲ့က ကူညီပေးလျက်ရှိကြောင်း၊ လက်ရှိတွင် ပျားမွေးတောင်သူ ၅၀၀ ကျော်ကို ရှမ်း ပြည်နယ်ရှိ ရွာပေါင်း ၂၀ တွင် သင်တန်းပေးထားပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်ပင်းတယမြို့ရှိ ပျားမွေးမြူရေးအသင်းမှ  သတင်းရရှိပါတယ်။                                  

         မော်မော်အောင်

Border Trade News

Pages