ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/06/2024 - 04:08 -- mocadmin

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် 20.၀၀ ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀ ဒေါ်လာသန်းဖြင့် စုစုပေါင်း ၂2.၅၀ ဒေါ်လာသန်းဖြစ်ပါသည်။

2024 ခုနှစ်၊ မတ်လ ၂ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် 2.740 ဒေါ်လာသန်း၊ သွင်းကုန် 0.261 ဒေါ်လာသန်း၊ စုစုပေါင်း 3.002 ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁3.341% ဆောင်ရွက်နိုင်ခဲ့ပါသည်။

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂7 ရက်မှ မတ်လ ၂ ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ် သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် 15000 တန်၊ ကြက်သွန်နီ 273 တန်၊ ငရုတ်သီး 170 တန်၊ ဖရဲသီး 200 တန်နှင့် ရွှေဖရုံသီး 539 တန် တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း 119.10 တန်၊ လုပ်ငန်းသုံးပစ္စည်း 463.30 တန်နှင့် လူသုံးပစ္စည်း 178.80 တန် တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

 (DOT ကံပိုင်တည်)

Border Trade News

Pages