အိန္ဒိယနိုင်ငံတွင် ပြည်တွင်းဆန်ဈေးနှုန်း ၅ ရာခိုင်နှုန်းကျဆင်း

Tue, 05/07/2013 - 04:56 -- admin

အိန္ဒိယနိုင်ငံမှာ ၂၀၁၃ ခုနှစ် မတ်လအတွင်း ပျမ်းမျှ လက်ကားရောင်းချမဲ့ ဆန်ဈေးနှုန်းများ တစ်ကွမ်တယ်ကို ရူပီး ၂၄၉၈ (တစ်တန်ကန်ဒေါ်လာ ၄၅၉ ခန့်) ဝန်းကျင်ထိကျဆင်းခဲ့ပြီး လွန်ခဲ့တဲ့လအမြင့်ဆုံးအဆင့်ထိရောက် ရှိခဲ့တဲ့ဈေးနှုန်းက တစ်ကွမ်တယ်ကို ရူပီး ၂၆၂၇ (တစ်တန်ကန်ဒေါ်လာ ၄၈၈ ခန့်)ဝန်းကျင်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပါတယ်။
ဒါပေမဲ့ ၎င်းင်းဈေးနှုန်းက လွန်ခဲ့တဲ့နှစ်ကာလတူ ဈေးနှုန်းထက် မြင့်တက်နေဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခုနှစ် ဇန်နဝါရီလအတွင်းက ဆန်ဈေးတွေ တရှိန်ထိုးမြင့်တက်လာခဲ့ပြီးနောက် ယခုလမှာ လက်ကားရောင်းဝယ်တဲ့ ပျမ်းမျှဆန် ဈေးများက၂၀၁၂ မတ်လကမြင့်တက်ခဲ့တဲ့ပျမ်းမျှဈေး တစ်ကွမ်တယ်ကို ရူပီး ၂၃၁၉ (တစ်တန် ကန် ဒေါ်လာ ၄၅၆ ခန့်) ဝန်းကျင်ထက် ၇ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ် ကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန အောက် ရှိ ဈေး ကွက်နဲ့ စုံစမ်းစစ်ဆေးရေး ညွှန်ကြားမှုဦးစီးဌာနမှ စာရင်းအင်းများအရ သိရပါတယ်။                     
နှင်းပန်းဖြူ

International Trade News

Pages