ယခုနှစ်မှာ စီးပွာရေး ပြန်လည်ဦးမော့လာမည်ဟု အိန္ဒိယခန့်မှန်း

Thu, 07/11/2019 - 07:50 -- admin_ygn

      နိုင်ငံ၏ စီးပွားရေးတည်ငြိမ်မှုကြောင့် ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာသဖြင့် အိန္ဒိယနိုင်ငံ စီးပွားရေး သည် ငါးနှစ်ကြာ ကျဆင်းနေရာမှ ယခုနှစ်တွင် ပြန်လည်ဦးမော့လာလိမ့်မည်ဟု မျှော်လင့်ကြောင်း သက်ဆိုင် ရာ သတင်း ရပ်ကွက်များကို ကိုးကား၍ thehindubusinessline ဝက်ဘ်ဆိုက်သတင်းတွင်ဖော်ပြသည်။ ဧပြီ ၁ ရက်တွင်စတင်သော ယခုဘဏ္ဍာနှစ်အတွက် အမှန်စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုးသည် ခုနစ် ရာခိုင်နှုန်း  တိုးတက်မည်ဟု ဘဏ္ဍာရေးဝကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များကို အခြေခံ၍ ခန့်မှန် ထားသည်။ မုတ်သုံမိုးရွာသွန်းမှု အခြေအနေကြောင့် စီးပွားရေးဖွံ့ဖြိုးမှုကျဆင်းမည့် အလားအလာနှင့် တိုးတက် မည့်အလားအလာတို့မှာ တူညီနေကြောင်း အဆိုပါသတင်းရပ်ကွက်မှပြောသည်။
      စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို  ယခင်နှစ်က ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့သည့်အတွက် ယခုနှစ်ခန့်မှန်းချက်မှာ ထိုခန့်မှန်းချက်ထက်မြင့်တက်ပြီး အိန္ဒိယဗဟိုဘဏ်၏ခန့်မှန်းချက်နှင့်လည်း ကိုက်ညီနေသည်။ စီးပွားေ ရး ဖွံ့ဖြိုးမှုနှုန်းကို အိန္ဒိယ ဗဟိုဘဏ်က ၇ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်မည်ဟု ဇွန်လအတွင်းက ခန့်မှန်းခဲ့ရာမှ ယခုနှုန်းသို့ ပြန်လည်လျှော့ ချခဲ့ခြင်းဖြစ်သည်။ ရေနံစိမ်းဈေးနှုန်းများ ၂၀၁၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သော  အမြင့်ဆုံးနှု န်းအောက် များစွာကျဆင်းနေခြင်းကလည်း ပြည်တွင်း စားသုံးမှုအတွက် ကောင်းသောအလားအလာဖြစ်ကြောင်းနှင့် စားသုံးမှုသည် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းအထိရှိနေကြောင်း သူတို့ကပြောသည်။

 

စံမီအောင်

International Trade News

Pages