ပါကစ္စတန် ဆန်ဖြူတင်ပို့မှု တိုးတက်သော်လည်း ဘာစမာတီဆန် တင်ပို့မှု ကျဆင်းလာ

Tue, 05/07/2013 - 04:44 -- admin

ပါကစ္စတန်နိုင်ငံဟာ လက်ရှိဘဏ္ဍာနှစ်(၂၀၁၂ ခုနှစ် ဇူလိုင်မှ၂၀၁၃ ခုနှစ်ဇွန်လအတွင်း )ပထမရှစ်လအတွင်း ဆန်တန်ချိန် စုစုပေါင်း ၂ ဒသမ ၂ သန်းဝန်းကျင် တင်ပို့ခဲ့ရပြီး ဝင်ငွေကန်ဒေါ်လာ တစ်ဘီလီယံကျော် ရရှိခဲ့တယ်လို့ သိရတယ်။ ၂၀၁၂ ခုနှစ် ဇူလိုင်လမှ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပါကစ္စတန်ဆန်ဖြူနဲ့ ဘာစမာတီဆန်များကို နိုင်ငံပေါင်း ၁၀၀ ကျော်သို့ တင်ပို့ခဲ့ရကြောင်း ပါကစ္စတန်ဆန်တင်ပို့သူများအသင်း (REAP) ကပြောကြားတယ်။ ၎င်းကာလအတွင်း တရုတ်၊ တန်ဇန်နီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံများသို့  ဆန်ဖြူတင်ပို့မှုပမာဏဟာ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့မှုထက်ကျော်လွန်ခဲ့ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းကိုပဲ  တန်ချိန် ၅၀၀၅၈၈ ဝန်းကျင် တင်ပို့ခဲ့ရာ ၎င်းပမာဏက ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်တစ်နှစ်လုံးရဲ့ ဆန်ဖြူတင်ပို့မှု တန်ချိန် ၃၆၂၁၇၀ ထက် ၃၈ ရာခိုင်နှုန်းဝန်းကျင် မြင့်မားခဲ့ပြီ ဖြစ်တယ်။ တန်ဇန်နီးယားသို့ တင်ပို့မှုမှာလည်း နှစ်ဆကျော် တိုးတက်ခဲ့ပြီး အင်ဒိုနီးရှားသို့ တင်ပို့မှုမှာ ၂၅ ရာခိုင်နှုန်းဝန်းကျင် တိုးတက်ခဲ့တယ်လို့ (REAP) က ပြောကြားတယ်။ ဒါပေမဲ့ ၎င်းကာလအတွင်း ပါကစ္စတန်မှ ဘာစမာတီဆန်တင်ပို့မှုများစွာ ကျဆင်းခဲ့တယ်။ လက်ရှိ ဘဏ္ဍာနှစ် ပထမ ရှစ်လအတွင်းတန်ချိန် ၃၂၈၃၇၃ သာတင်ပို့နိုင်ခဲ့ရာ ယခင်နှစ်အလားတူ ကာလတင်ပို့မှု တန်ချိန် ၆၄၇၇၆၁ ထက် ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်။ ပါကစ္စတန်နိုင်ငံဟာ နှစ်စဉ် ဆန်တန်ချိန် ၆ သန်းခန့် ထုတ်လုပ် လျက်ရှိတယ်။ ၎င်းဆန်တန်ချိန် ၆ သန်းအနက် ၂ သန်းမှာ ဘာစမာတီဆန်ဖြစ်တယ်။ ပါကစ္စတန် ဘာစမာတီဆန်ကို ကင်ညာ၊ ယူအေအီး၊ အိုမန်နဲ့ သီရိလင်္ကာနိုင်ငံများမှ ဝယ်လိုအားမြင့်မားလာသော်လည်း ပုံမှန်ဝယ်ယူအား ပေးနေကျ အီရန်နိုင်ငံသို့  တင်ပို့နိုင်မှု လျော့ကျခဲ့တဲ့အတွက် ဘာစမာတီဆန်တင်ပို့မှု ပမာဏ လျော့ကျလာကြောင်း သိရတယ်။ ယခင်က တစ်လကို ဘာစမာတီ ဆန်တန်ချိန် ၄၅ယ၀၀၀ အီရန်သို့ တင်ပို့နိုင်ခဲ့သော်လည်း ယခုအခါ တစ်လကို တန်ချိန် ၈၀၀၀ သာ တင်ပို့နိုင်တော့ကြောင်း သိရတယ်။ အိန္ဒိယ ဘာစမာတီဆန်ကို ယှဉ်ပြိုင်ရောင်းချနေ ရတဲ့အပြင် အီရန်နိုင်ငံအနေနဲ့  စီးပွားရေးပိတ်ဆို့မှု ဒဏ်ခံနေရပြီး ငွေလွှဲမှုအဆင်မပြေတဲ့အတွက်  အီရန်နဲ့ ပါကစ္စတန်အကြား ကုန်သွယ်မှုလျော့ကျစေခြင်း အကြာင်းရင်းတစ်ခုဖြစ်ခဲ့တယ်။ အိန္ဒိယအနေနဲ့ အီရန်သို့ ဘာစမာတီဆန် တင်ပို့နိုင်ခြင်းမှာ နှစ်နိုင်ငံကြား ငွေကြေး ဖလှယ်မှုနဲ့ ငွေကြေးလွှဲပြောင်းမှုလမ်းကြောင်းကို ''စားနပ်ရိက္ခာနှင့် ရေနံအပြန်အလှန် လဲလှယ်မှု'' ခေါင်းစဉ်အောက်မှာ ထည့်သွင်းဆောင်ရွက်ခြင်းကြောင့် ကုန်သွယ်မှုအဆင်ပြေခဲ့ကြောင်း REAP က ပြောကြားတယ်။                                             
ပပ

International Trade News

Pages