နိုင်ငံခြားသားများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှု အသစ်ဖြစ်သည့် Wealth Management စနစ်ကို တောင်ကိုရီးယားတွင် စတင်

Tue, 02/23/2016 - 08:07 -- admin_ygn

            တောင်ကိုရီးယားနိုင်ငံ၏ အဓိကဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းစုတစ်ခု ဖြစ်သည့် ရှင်းဟန် စီးပွားရေး လုပ်ငန်းစု အနေဖြင့် ရှင်းဟန် အပြည်ပြည်ဆိုင်ရာ စီးပွားရေးစင်တာ(IFC) ကို ဆိုးလ်မြို့ Gwanghwamun  တွင် ဇန်နဝါရီလ ၂၉ ရက်က ဖွင့်လှစ်ခဲ့သည်။ ရှင်းဟန် အအြပြည်ပြည်ဆိုင်ရာ စီးပွားရေး စင်တာ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုရီးယားနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိ နေသည့် နိုင်ငံခြားသားများ ကို  စနစ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန်ဖြစ် သည်။ ကိုရီးယားနိုင်ငံ၏ ပုဂ္ဂလိက ပိုင်ဘဏ် အချို့သည် နိုင်ငံတကာ ငွေကြေးလဲလှယ်မှုနှင့်  ပြည်ပရောက် နိုင်ငံခြားသားများက ပြန်လည် ပေးပို့ ငွေများအတွက် ဝန်ဆောင်မှုလုပ် ငန်း များကို ဆောင်ရွက်ပေးနေသော်လည်း ဂျယ်ဂျူးကျွန်းကဲ့သို့ အထူးဒေသများ တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင် စားခဲ့ကြသည်။
          ရှင်းဟန်စီးပွားရေး လုပ်ငန်းစုသည် ပုဂ္ဂလိကပိုင် Wealth Management Center များ ဖွင့်လှစ်နိုင်ကာ Wealth Management  ကဏ္ဍတွင် ဦးဆောင်နိုင်ရန် အတွက်လည်း ရည်ရွယ်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် နိုင် ငံခြားသား ဖောက်သည်များအတွက် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသော်လည်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် (လုပ်ငန်း ဆောင်ရွက်ရေးအဖွဲ့)Task force team များ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ကိုရီးယား စီးပွားရေးဆိုင် ရာ အဖွဲ့အစည်းများသည် ပင်လယ်ရပ်ခြား စီးပွားရေးလုပ်ငန်းများ အပါအဝင် Wealth Management Services နှင့် ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်လာ ကြသည်။ သို့သော်လည်း ယခုကဲ့သို့ နိုင်ငံခြားနှင့်ပတ်သက်သည့် Wea -lth Management Services ဆောင်ရွက်မှု များသည် တစ်ခါမှမဆောင်ရွက်ဖူး သေးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံ ခြားသားများအတွက် ငွေလဲလှယ်မှု ဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ပရောက် နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်း များမှ ပြန်ပို့ငွေများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ Wealth Management စနစ်သည် ကိုရီးယား နိုင်ငံတွင် ဝင်ငွေမြင့်မားစွာရရှိနေသူ များရှိသည့်အတွက် ယခုကဲ့သို့ ကြွယ်၀ ချမ်းသာမှုစီမံခန့်ခွဲရေးစနစ် အေ နဖြင့် တရားဝင်ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး အဆိုပါ ဈေးကွက်ကိုလည်း ပိုမိုလျင်မြန်စွာကြီး ထွားလာရန်ရည်ရွယ်ကြောင်း သိရှိရပါသည်။

 

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages