တရုတ်အစိုးရမှ ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေသော စွန့်ပစ်ပစ္စည်းများထုတ်လွှတ်သည့်လုပ်ငန်းများအား အခွန်စည်းကြပ်ကောက်ခံခြင်း စတင်မည်

Thu, 02/08/2018 - 03:28 -- admin_ygn

        တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ခြင်းဆိုင်ရာအခွန်စည်းကြပ်ခြင်းဥပဒေအရ အစိုးရအနေဖြင့် ဧပြီလမှစတင်၍  ညစ်ညမ်းမှု ထုတ်လွှတ်သော  စီးပွားရေးလုပ်ငန်းနှင့် အစိုးရ အဖွဲ့အစည်းများအပေါ်တွင် အခွန်စတင်ကောက် ခံတော့မည်ဖြစ်သည်။ အဆိုပါဥပဒေမှာ လေ၊ ရေ၊ စွန့်ပစ်ပစ္စည်းနှင့် ဆူညံမှုစသော ပတ်ဝန်းကျင်ညစ် ညမ်းမှုကိုဖြစ်စေသော အရာများနှင့် သက်ဆိုင်ပြီး ပိုမိုအရည်အသွေးပြည့်ဝသော စီးပွားရေးဖွံ့ဖြိုး တိုး တက်မှုအတွက် သဘာဝပတ်ဝန်းကျင်ကာကွယ် ခြင်းဆိုင်ရာပုံစံအား  တွန်းအားပေးသွားရန်ရည် ရွယ်ကြောင်း သိရသည်။
           ကာဗွန်ဒိုင်အောက်ဆိုက်အပါအဝင် အခြား ညစ်ညမ်းပစ္စည်းအပေါ်  အခွန်ကောက်ခံရန် နည်း လမ်းအားရှာဖွေသွားမည်ဖြစ်ပြီး  အဓိကရည်ရွယ် ချက်မှာ အစိုးရ၏ဘဏ္ဍာဝင်ငွေတိုးမြှင့်ရန်အတွက် မဟုတ်ဘဲ ညစ်ညမ်း ပစ္စည်းထုတ်လွှတ်မှုလျှော့ချ ရန်၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရန်နှင့် တိုး တက်စေရန်အတွက်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန အခွန်မူဝါဒဌာန၏  ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။ အခွန်စည်းကြပ်မှုစတင်သည်နှင့် တစ်ပြိုင် နက်   အခွန်ကောက်ခံရငွေအားလုံးကို   ဒေသ အစိုးရက ပိုင်ဆိုင်မည်ဖြစ်ပြီး    ယခင်ကဒေသ အစိုးရ၊ ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ခြင်းဌာနမှ  ညစ်ညမ်းစွန့်ပစ်ပစ္စည်းများအပေါ်  ကောက်ခံရရှိ သောအခွန်ရငွေ၏ ၁၀ ရာခိုင်နှုန်းကို ဗဟိုအစိုးရ မှရရှိခဲ့သည်။ ၂၀၁၇ နှစ်ကုန်တွင် လုပ်ငန်းပေါင်း ၃၃၀၀၀၀ခန့်မှ ညစ်ညမ်းပစ္စည်း  ထုတ်လွှတ်မှု အပေါ် ယွမ် ၂၂ဘီလီယံကျော် ကောက်ခံရရှိခဲ့ပြီး ယခင်နှစ်ထက်ယွမ် ၂ ဒသမ ၅ ဘီလီယံ၊ ရာခိုင်နှု န်း အားဖြင့် ၁၂  ဒသမ ၃ရာခိုင်နှုန်းပိုမိုရရှိခဲ့သည်။  
        ပြည်နယ်ဒေသအမျိုးမျိုးကြား သဘာဝပတ် ဝန်းကျင်အခြေအနေကွဲပြားမှုကြောင့် ပြည်နယ်နှင့် ဒေသအစိုးရများအနေဖြင့် ညစ်ညမ်းသောလေ၊ ရေ  တစ်ယူနစ်ထုတ်လွှတ်မှုအတွက် ၁ ဒသမ ၂ ယွမ်မှ ၁၂ ယွမ်ထိ  အခွန်နှု န်းထားများအားကိုယ်တိုင်  သတ်မှတ်ကောက်ခံခွင့်ရှိကြောင်း ဘဏ္ဍာ ရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  ပေကျင်းအစိုးရမှလေထုညစ်ညမ်းစေသော ထုတ်လွှတ်မှု   တစ်ယူနစ်အတွက်  ၁၂ ယွမ်နှင့် ရေထု ညစ်ညမ်းစေသော စွန့်ပစ်ပစ္စည်းတစ်ယူနစ် အတွက် ၁၄ ယွမ် အသီးသီးကောက်ခံသွားမည် ဖြစ်ပြီး အဆိုပါနှုန်းထားများမှာ  အမြင့်ဆုံးသတ် မှတ်ထားသော  အခွန်နှုန်းထားများဖြစ်ကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့

International Trade News

Pages