ြမဝတီကုန်သွယ်ရေးဇုန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧြပီလမှဒီဇင်ဘာလထိ) ကုန်သွယ်မှုလျာထားချက်အပေါ် ဆောင်ရွက်နိုင်မှုအခြေအနေ

Tue, 01/03/2023 - 05:34 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှဒီဇင်ဘာလထိ) ပို့ကုန် (၅၅၀.၁၁၈) ကန်ဒေါ်လာသန်း၊သွင်းကုန် (၁၀၃၂.၄၁၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅၈၂.၅၃၄)ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ပါသည်။ ယခင်နှစ် ကာလတူ ပို့ကုန် (၇၇၂.၇၄၈) ကန်ဒေါ်လာသန်း၊ သွင်းကုန်(၁၀၆၉.၉၉၄)ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁၈၄၂.၇၄၂) ကန်ဒေါ်လာသန်း ဆောင်ရွက်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလ မှဒီဇင်ဘာလထိ) သည် ယခင်နှစ်ကာလတူထက် ပို့ကုန်(၂၂၂.၆၃၀)ကန်ဒေါ်လာသန်း၊သွင်းကုန် (၃၇.၅၇၈)ကန်ဒေါ်လာသန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏ (၂၆၀.၂၀၈) ကန်ဒေါ်လာသန်း လျော့နည်းခဲ့သည်။

          မြဝတီကုန်သွယ်ရေးဇုန်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်လုံး လျာထားချက် ပို့ကုန် (၁၀၀၀) ကန်ဒေါ်လာသန်း ၊ သွင်းကုန် (၁၄၀၀)ကန်ဒေါ်လာသန်း ၊ ကုန်သွယ်မှုပမာဏ ( ၂၄၀၀ ) ကန်ဒေါ်လာသန်းအပေါ် ၂၀၂၂ ခုနှစ် (ဧပြီလ မှ ဒီဇင်ဘာလထိ) အမှန်ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းသည် ပို့ကုန် (၅၅) % ၊ သွင်းကုန် (၇၄) % ၊ ကုန်သွယ်မှုပမာဏ (၆၆) % ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှ ဒီဇင်ဘာလထိ) (၉)လ လျာထားချက်အပေါ် အမှန်ဆောင်ရွက်နိုင်မှု ရာခိုင်နှုန်းသည် ပို့ကုန် (၇၂)% ၊ သွင်းကုန် (၁၀၀)% ၊ ကုန်သွယ်မှုပမာဏ (၈၈)% ဆောင်ရွက်နိုင်ခဲ့သည်။

Border Trade News

Pages