ြမဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 12/29/2022 - 09:09 -- DotBorderdep

     မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၅-၁၂-၂၀၂၂)မှ (၂၆-၁၂-၂၀၂၂)ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ Dried Drumstick Seed ၊ Nux Vonieca Seed တို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်း များမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးတီ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ကကတစ်၊ ငမုတ်၊ ငါးကွင်းရှပ်၊ ကဏန်း၊ ငါးစီလုံး၊ ငါးမွှေထိုး၊ ပုစွန်၊ ကတ်ကူရံတို့ တင်ပို့ လျက်ရှိပါသည်။ အများဆုံး ပို့ကုန်ပစ္စည်း ကတော့ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ ငရုတ်၊ ရေထွက်တို့ဖြစ်သည်။

           ကိုဗစ်အလွန်ကာလတွင် ထိုင်းနိုင်ငံသို့ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာခြင်း၊ ဟင်းလျာများ တွင် ထည့်သွင်း ချက်ပြုတ်စားသောက်ခြင်း၊ စားသောက်ကုန်လုပ်ငန်း စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်းများဖြစ်သည့် ဆန်မှုန့်၊ ငရုတ်တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ် ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ရေထွက် ပစ္စည်း တင်ပို့မှုသည် မဲဆောက်မှ တဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက် ရှိကြောင်း သိရှိရသည်။ ရေထွက်ကုန်ပစ္စည်းများအား ကုန်သွယ်မှုလမ်းကြောင်းတလျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂ တို့မှတဆင့် တစ်ဖက် နိုင်ငံသို့ အမြန်ရောက်ရှိ ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုနည်းတူ ကုန်စိမ်း ပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့်တပြေးညီ ဆောင် ရွက်ပေးလျက်ရှိသည်။ ဂျူတီယာဉ် များ၏ ကုန်ပစ္စည်း ကြေညာလွှာပါပစ္စည်း၊ ယာဉ်ပေါ်ပါပစ္စည်းနှင့် တန်ဖိုးများကိုက်ညီမှု ရှိ/မရှိကို သက်ဆိုင်ရာဌာန အနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။

သွင်းကုန်တင်သွင်းမှုအနေဖြင့် ချည်ပိတ်လိပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ်အထည် များ၊ သစ်သီး၊ စားသောက်ကုန်ပစ္စည်းများ၊ ဖိနပ်အပိုပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ စာရေးကိရိယာ များ တင်သွင်းလျက်ရှိပါသည်။ Garment ၊ ကြွေပြား၊ စားသောက်ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊  စက်ရုံ သုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း အများဆုံးတင်သွင်းခဲ့သည်။ သွင်းကုန်ယာဉ်များ အနေဖြင့် လမ်းခရီးပြန်လည်ကောင်းမွန်လာပါက ထွက်ခွာနိုင်ရေးအတွက် ဂျူတီဆောင် စစ်ဆေးခံပြီး စောင့်ဆိုင်းလျက်ရှိသည်။ သွင်းကုန်တင်သွင်း ကုန်သည် များအနေဖြင့် ယခုလဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ်လျှင် (၇၉.၃၆)ကျပ်ထိရှိခဲ့ပြီး ယခုလ ကုန်ပိုင်းတွင် တစ်ဘတ်လျှင် (၈၀.၃၂) ကျပ်ခန့်အထိ ဘတ်ဈေး အနည်းငယ်ပြန်တက်လာသောကြောင့် ဘတ်ဈေး အတက်အကျ မတည်ငြိမ်ခြင်းနှင့် တစ်ဖက် ထိုင်းနိုင်ငံလုပ်ငန်းရှင်များသည် နှစ်သစ်ကူးကာလအတွင်း လုပ်ငန်းများ ရပ်နား၍ ခရီးသွားလာခြင်းတို့ကြောင့် သွင်းကုန်တင်သွင်းမှု အနည်းငယ်လျော့နည်းမှုရှိကြောင်း သိရှိရသည်။

Border Trade News

Pages