မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 06/12/2024 - 05:59 -- bordertrade

                  မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၄) ရက်နေ့မှ (၈) ရက်နေ့အတွင်း ပို့ကုန်  ပြောင်း (၁) တန်လျှင် (၂၂၅)ဒေါ်လာနှုန်းဖြင့် (၂၇၀၀) တန် ၊ တန်ဖိုး (၀.၆၀၈) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့်လည်းကောင်း ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၆) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ငါးမှုန့် (၁) တန်လျှင် (၉၀၇)ဒေါ်လာနှုန်းဖြင့် (၇၅၀) တန်၊ တန်ဖိုး (၀.၆၈၀)ဒေါ်လာသန်းအား ကားလမ်းကြောင်းဖြင့်လည်းကောင်း စုစုပေါင်း ပို့ကုန်တန်ဖိုး (၁.၃၀၁) ဒေါ်လာသန်းအား ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်း အထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါ သည်။

                 မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇွန် (၄) ရက်နေ့မှ (၈) ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁) တန်လျှင် (၈၅၀) ဒေါ်လာနှုန်းဖြင့် (၁၅၀) တန် ၊ တန်ဖိုး (၀.၁၂၈) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၆၄၂.၅၂၈) တန်၊ (၆၈၄၇၂) M2၊ တန်ဖိုး (၀.၃၉၉) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၁၀၂၇၀) U၊ တန်ဖိုး (၀.၀၇၈) ဒေါ်လာ သန်း စုစုပေါင်းသွင်းကုန်တန်ဖိုး (၀၀.၆၀၅) ဒေါ်လာသန်း အားတင်သွင်းနိုင်ခဲ့ပါသည်။

Border Trade News

Pages